မြန်မာသတင်းများ  သြဂုတ် ၃၀၂၀၁၂


ဖိုဘီမဂ္ဂဇင်းကြီးက ကမ္ဘာသြဇာအကြီးဆုံး လူများစာရင်း ကို ထုတ်ပြန်၊
အမေရိကန်၊ တရုတ် နှင့် ရုရှား ခေါင်းဆောင်များ ထိပ်မှ ဦးဆောင်


နှစ်စဉ်စာရင်းပြုစု ထုတ်ပြန်နေကျဖြစ်သည့် အမေရိကန်စီးပွားရေးစာစောင် ဖိုဘီမဂ္ဂဇင်းကြီးက ၂၀၀၉ ခုနှစ်အတွင်း ကမ္ဘာ့သြဇာအကြီးဆုံး လူများစာရင်းကို ထုတ်ပြန်ရာတွင် နိုင်ငံ့ခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ နည်းပညာအခြေပြု လုပ်ငန်းရှင်များနှင့် အတူ အာဏာရှင်များ၊ အကြမ်းဖက်ခေါင်းဆောင်များ၊ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်များကိုပါ ထည့်သွင်း ထားသည်ကို တွေ့ရသည်။
မှတ်သားမိသမျှ ကောက်နုတ်ဖော်ပြရလျင် -
(၁) အမေရိကန်သမ္မတ အိုဘားမား
(၂) တရုတ်ခေါင်းဆောင် ဟူဂျင်တောင်
(၃) ရုရှားခေါင်းဆောင် ပူတင်
(၄) အမေရိကန်ဘဏ္ဍာရေး ရန်ပုံငွေ ဥက္ကဋ္ဌ ဘင်နာကီ
(၅) ဂူးဂဲ ထူထောင်သူ – ဆာဂျီဘရင် နဲ့ လယ်ရီပိတ်ဂ်ျ
(၆) မက္ကစီကိုနိုင်ငံ စီးပွားရေးလုပ်ငန်းရှင် – ကားလို့စ် ဆလင် ဟီလူ
(၇) ကမ္ဘာ့ ရုပ်သံ၊ စာနယ်ဇင်း လုပ်ငန်းရှင် – ရူးပတ်မားဒေါ့ဖ်
(၈) အမေရိကန် ဝေါလ်မတ်ဆူပါမားကက် ဦးဆောင်သူ – မိုက်ကယ်တီဒုခ်
(၉) ဆော်ဒီဘုရင် – အဘ်ဒူလာ ဘင် အက်ဘူ အက်ဇစ်
(၁၀) မိုက်ခရိုဆော့ ထူထောင်သူ – ဘီဂိတ်
— — —
(၁၇) အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး – ဟီလရီ ကလင်တန်
— — —

(၁၉) တရုတ်ပြည် ၀ါဒဖြန့်ချိရေး ဥက္ကဋ္ဌ – လီ ချန်ချွန်
— — —

(၂၄) မြောက်ကိုရီးယား အာဏာရှင် – ကင်ဂျုံအီး
— — —
(၃၁) အမေရိကန်သမ္မတဟောင်း – ဘီကလင်တန်
— — —
(၃၆) အိန္ဒိယ ၀န်ကြီးချုပ် – မန်မိုဟန်ဆင်းဂ်

(၃၇) အယ်လ်ကိုင်ဒါအဖွဲ့ ဦးဆောင်သူ – အိုဆာမာ ဘင် လာဒင်
— — —
(၃၉) တီဘက် ပြည်နှင်ဒဏ်သင့် ခေါင်းဆောင် – ဒလိုင်းလားမား
(၄၀) အီရန် ဘာသာရေးခေါင်းဆောင် – အလီ ဟိုဆနီ ခါမေနီ

(၄၁) မက္ကစီကို မူးယစ်ဆေးဝါး ရောင်းဝယ်သူ – ဟာကွင် ဂူးဇ်မင်
— — —

(၅၀) အိန္ဒိယ ဒုစရိုက်ဂိုဏ်းခေါင်းဆောင် – ဒေါဝဒ် အီဘရာဟင် ကတ်စကာ
၎င်းတို့ထိပ်စာရင်း ၆၇ ဦးတွင် အတိုက်အခံခေါင်းဆောင်အဖြစ်  ဒလိုင်းလားမား တဦးသာပါရှိသည်ကို တွေ့ရသည်။ ကျန်သူများမှာ အစိုးရ အသိအမှတ်ပြုများ၊ အာဏာရှိသူများနှင့် လက်နက်သို့မဟုတ် ဓနဥစ္စာကြွယ်ဝသူများ ဖြစ်သည်။


မြန်မာခေါင်းဆောင်တချို့ ပြည်ဝင်ခွင့်ပိတ်ပင်မှု အမေရိကန်ဖြေလျှော့


မြန်မာအစိုးရခေါင်းဆောင်တွေအပေါ် ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ပိတ်ပင်ကန့်သတ်ထားတာကို အမေရိကန်သမ္မတ ဘာရက်ခ် အိုဘားမား (Barack Obama) က ဖြေလျှော့ပေးလိုက်ပါတယ်။

အဲဒါကြောင့် နယူးယောက်မြို့မှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ သမ္မတဦးသိန်းစိန် လာရောက်တဲ့အခါ အမေရိကန်နိုင်ငံတွင်းမှာ လွတ်လွတ်လပ်လပ် သွားလာ ခွင့်ရတော့မှာ ဖြစ်ပါတယ်။ အဲဒီလိုသာ လျှော့မပေးဘူးဆိုရင် သမ္မတဦးသိန်းစိန်ဟာ နယူးယောက်မြို့က ကုလသမဂ္ဂ ရုံးချုပ်ပတ်ဝန်းကျင်တ၀ိုက်မှာပဲ သွားလာခွင့်ရမှာပါ။

မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေးတွေကို ဆက်ပြီး လုပ်ဆောင်နေတာနဲ့အမျှ သူနဲ့သူ့ရဲ့အစိုးရတို့ကို ပိုပြီး အနီးကပ် ထိတွေ့ ဆက်ဆံသွားဖို့ မိမိတို့ရဲ့စိတ်ဝင်စားမှုကို အချက်ပြတဲ့အနေနဲ့ အိုဘားမားက အခုလိုဆုံးဖြတ်ခဲ့တာလို့ အမေရိကန်သမ္မတ အိမ်ဖြူတော်၊ အမျိုးသားလုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ တွမ်မ်မီ ဗိုင်တာ (Tommy Vietor) ကိုကိုးကားပြီး အေပီသတင်း မှာရေးထားပါတယ်။

ဒါဟာ အလုံးစုံ ရုပ်သိမ်းပေးလိုက်တာမဟုတ်ဘဲ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင် ပတ်သက်တယ်လို့ အထောက်အထားရှိတဲ့ မြန်မာတာဝန်ရှိသူတွေအပေါ် အမေရိကန်က ဆက်ပြီး စိစစ်သွားမှာဖြစ်တယ်လို့ အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရှိသူအမျိုးသမီး ကိုင်တ်လင်း ဟေးဒန်န် (Caitlin Hayden) ပြောပါတယ်။

သမ္မတအိုဘားမားက အခုလို ဆုံးဖြတ်လိုက်တဲ့အတွက် သမ္မတဦးသိန်းစိန်အနေနဲ့ အမေရိကန် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံနိုင်မှာ ဖြစ်ပြီး သူ့ရဲ့ အမေရိကန်ခရီးစဉ်အတွင်း ဒီမိုကရေစီနဲ့ အမေရိကန်ရဲ့ မူဝါဒတွေကို ပိုပြီး နားလည်လာနိုင်စေမယ်လို့ အမျိုးသား လုံခြုံရေးဆိုင်ရာ ပြောခွင့်ရ ဗိုင်တာ က ပြောပါတယ်။

သမ္မတဦးသိန်းစိန်၊ မြန်မာအစိုးရ ၀န်ကြီးတွေ၊ ဒုတိယ၀န်ကြီးတွေနဲ့ ထိတွေ့ ဆက်ဆံခြင်းအားဖြင့် ယုံကြည်မှုကို တည်ဆောက် နိုင်ပြီး နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့အတွက် တွန်းအားပေး ဖို့အခွင့်အလန်း ရမှာဖြစ်ပြီးတော့ အဓိကကျတဲ့ ပြုပြင် ပြောင်းလဲလိုသူတွေအနေနဲ့ ဒီမိုကရေစီနဲ့ အမေရိကန်မူဝါဒအကြောင်း ပိုပြီးနားလည်စေနိုင်လိမ့်မယ်လို့ အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရှိ သူ ဟေးဒန်ကလည်း ပြောပါတယ်။ 

ထိုင်း-မြန်မာ နယ်စပ်က ပြန်သွားတဲ့ရှေ့နေ အမှုဟောင်းအတွက် ထောင်ဒဏ်ကျ


ပြည်ပရောက် မြန်မာတွေပြန်လာဖို့ သမ္မတက ဒီနှစ်ဆန်းမှာ ဖိတ်ခေါ်လိုက်တဲ့နောက် ထိုင်းမြန်မာ နယ်စပ်ကနေ ပြန်သွားတဲ့ ရှေ့နေ ကိုစောကျော်ကျော်မင်းကို သူအရင်က စွပ်စွဲခံထားရတဲ့ တရာရုံးတော်ကို မထေမဲ့မြင်ပြုမှုနဲ့ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးက မနေ့က ထောင်ဒဏ် ၆ လ ချမှတ်ခံလိုက်ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကိုစောကျော်ကျော်မင်းရဲ့ ဆရာ ဥပဒေအကြံပေး ဦးခင်မောင်ရှိန်က အခုလိုပြောပါတယ်။
"ဒီ ၂၉ ရက် အမိန့်မချခင်မှာ တရားသူကြီးက ပြောတယ်။ ဒီ case ကို အပေါ်ကို တင်ပြထားတယ်။ အဖြေမရသေးဘူးလို့ ပြောတယ်။ အဲဒါ ဒီအမိန့်ချမဲ့ရက် မတိုင်ခင်ပေါ့။ အခု အမိန့်ချတဲ့ရက်ကျတော့ ၆ လ ချလိုက်တာပေါ့။ တရားရုံးမှာ တရားရုံးအရာရှိ ကို အနှောင့်အယှက်ပေးတယ်ဆိုတဲ့ အမှုနဲ့"
ကိုစောကျော်ကျော်မင်းဟာ ရှေ့နေ ကိုညီညီထွေးနဲ့ အတူ ၂၀၀၈ ခုနှစ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ဝင် ကိုသန့်ဇင်မျိုး အပါအ၀င် ၁၁ ဦးရဲ့ အမှုကို လိုက်ပါဆောင်ရွက်ခဲ့ပါတယ်။
အဲဒီအမှု စစ်ဆေးဆဲကာလ ရုံးချိန်းတစ်ခုမှာ အမှုသည်တွေက တရားရုံးကို ကျောပေးထိုင်တဲ့ကိစ္စနဲ့  ပတ်သက်ပြီး တရားခံတွေကို ရှေ့လှည့်ထိုင်အောင် ရှေ့နေ့ တွေက ပြောပေးဖို့ တရားသူကြီးက အမိန့်ပေးပါတယ်။ အဲဒီအခါမှာ ရှေ့နေ ကိုစောကျော်ကျော်မင်းတို့က အမှုသည်ရဲ့ ညွှန်ကြားချက် မဟုတ်တဲ့အတွက် ပြောမပေးနိုင်ဘူးလို့ ငြင်းဆိုတဲ့အတွက် စောကျော်ကျော်မင်းတို့ ကို တရားရုံး မထီမဲ့မြင်ပြုမှု ပုဒ်မ ၂၂၄ နဲ့ တရားစွဲခဲ့တာဖြစ်ပြီး ဒီအမှု ရင်ဆိုင်ဆဲ ကာလမှာ ကိုစောကျော်ကျော်မင်းက နယ်စပ်ကို ထွက်ခွာသွားတာ ဖြစ်ပါတယ်။

ဦးပိုင် ရှင်းလင်းချက် မပြည့်စုံဟု ကြေးနီစီမံကိန်း ယာသိမ်းခံများ တုံ့ပြန်


စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်း ကြေးနီ စီမံကိန်းအတွက် သိမ်းမြေများနှင့်ပတ်သက်၍ မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက်နှင့် တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌတို့၏ ဖြေရှင်းချက်များမှာ ယာသိမ်းခံတောင်သူများ၏ နစ်နာမှုများကို လျစ်လျူရှု ခဲ့ကြောင်း မူရင်းယာပိုင်ရှင်များက ပြောကြောင်းသိမ်းမြေများနှင့် ပတ်သက်၍ ရွှေ့ပြောင်းရမည့် တောင်သူများ အတွက် မြေယာ သီးနှံလျော်ကြေး၊ နှစ်ရှည်သီးနှံ လျော်ကြေးများ ကို လည်း ပေးလျော်ခဲ့ပြီး ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ဒု ဥက္ကဌနှင့် ဦးပိုင်လီမိတက်မှ ဦးဝင်းကြည်တို့၏ စာနယ်ဇင်း များအား ရှင်းလင်းချက် အပေါ် တောင်သူများက တုံ့ပြန် ပြောဆိုကြခြင်း ဖြစ်ကြောင်း ၂၀၁၀ ဒီဇင်ဘာလထဲတွင် ဓာတ်သတ္ထုရှာဖွေ စမ်းသပ်ရန် အတွက် ဖြတ်သန်းသွားလာမည့် သီးနှံစိုက်ခင်းများကို ၃ နှစ်စာ လျော်ကြေး အဖြစ် ကျပ် ၅ သိန်း ၂ သောင်း နှုန်းဖြင့် ပေးကြောင်း ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် မြေယာလျော်ကြေးအဖြစ် ပြောင်း လဲသုံးစွဲ၍ သိမ်းယူလိုက်သဖြင့် နစ်နာဆုံးရှုံးခဲ့ရကြောင်း သိရသည်။

မြန်မာ့ပြုပြင်ပြောင်းလဲရေးတွင် စစ်တပ်အခန်းကဏ္ဍ ဖယ်၍မရ


မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်၏ အခန်းကဏ္ဍကို ဖယ်ထား၍ မရကြောင်း စင်ကာပူနိုင်ငံ အခြေစိုက် အရှေ့တောင်အာရှ လေ့လာရေးဌာနမှ ၀ါရင့်သုတေသီ ဒေါက်တာ တင်မောင်မောင်သန်းက ပြောသည်။ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်ရှိ The Regional Centre for Social Science and Sustainable Development (RCSD) ဌာနက ယမန်နေ့တွင် ကြီးမှူးကျင်းပခဲ့သည့် မြန်မာ့ပြုပြင်ပြောင်းလဲရေးနှင့် တပ်မတော်၏ အခန်းကဏ္ဍ အကြောင်း “အခန်းထဲက ဆင်” (The Elephant in the Room) ခေါင်းစဉ်ဖြင့် ဟောပြောပွဲတွင် ဒေါက်တာ တင်မောင်မောင်သန်းက ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။ဆွေးနွေးပွဲတွင် တပ်မတော်ကို ဆင်နှင့်ခိုင်းနှိုင်းပြီး ပြောဆိုရင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ဆင်ဦးစီးနှင့် တူကြောင်း၊ လက်ရှိ သွားနေသည့် လွှတ်တော်တွင် အတိုက်အခံက ပြောဆိုနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် စစ်တပ်ကိုယ်စားလှယ် ထောက်ခံမှု မရှိလျှင် မဖြစ်နိုင်ကြောင်း ဒေါက်တာ တင်မောင်မောင်သန်းက ထောက်ပြသည်။
မြန်မာ့ နိုင်ငံရေးတွင် စစ်တပ်က ပါဝင်ရမည်ဟု တပ်မတော်အတွင်း လက်ခံယုံကြည်နေကြသူ များနေကြောင်း၊ အဆိုးဆုံး အခြေအနေကို ထိန်းညှိရန် မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သား ကိုယ်စားလှယ်သည် လွှတ်တော်များတွင် ၂၅ ရာခိုင်နှုန်း ယူထားခြင်းဟု နားလည်ကြောင်းလည်း ၎င်းက ပြောသည်။သို့သော် ပြီးခဲ့သည့် လပိုင်းအတွင်းက ကာကွယ်ရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းက စင်ကာပူနိုင်ငံ၊ ရှန်ဂရီလာ ဆွေးနွေးပွဲတွင် ပြောသွားသည့် သင့်တော်ချိန်တွင် တပ်မတော် ကိုယ်စားလှယ်များကို လျှော့ချသွားရန်ရှိကြောင်း ပြောဆိုမှုနှင့် လက်ရှိ ပြုပြင်ပြောင်းလဲရေးများကိုလည်း စစ်တပ်က ထောက်ခံကြောင်း ပြောခဲ့သည်မှာ ကောင်းသည့် လက္ခဏာဖြစ်ကြောင်း ဒေါက်တာ တင်မောင်မောင်သန်းက ဆက်လက်ပြောသည်။လက်ရှိ ပြုပြင်ပြောင်းလဲမှုကို ဦးဆောင်နေသူသည် စစ်ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန်ဖြစ်ပြီး ဒီမိုကရေစီ လိုလားနေကြသည့် မြန်မာ့လူ့အဖွဲ့အစည်း တခုလုံးသည် အပြောင်းအလဲကို အဓိက မောင်းနှင်သူလည်း ဖြစ်ကြောင်း၊ အများက စိုးရိမ်နေသကဲ့သို့ စစ်တပ်က အာဏာပြန်သိမ်းပြီး စစ်ဗိုလ်ချုပ်များက တိုင်းပြည်ကို ပြန်အုပ်ချုပ်မည်ဟု မထင်ကြောင်းလည်း ဒေါက်တာ တင်မောင်မောင်သန်းက ပြောကြောင်း သိရသည်။

အခြေခံဥပဒေဆိုင်ရာ ခုံရုံး စွပ်စွဲပြစ်တင် အဆို အမျိုးသား လွှတ်တော် အတည်ပြု


အငြင်းပွားမှု ဖြစ်ပွားနေသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး နှင့်ပတ်သက်ပြီး စွပ်စွဲပြစ်တင်သည့် အဆိုအား အမျိုးသား လွှတ်တော် က ယမန်နေ့က အတည်ပြုပေးလိုက်သည်။ လွှတ်တော်များ၌ ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စု အဆင့် မဟုတ်ဟု ဆုံးဖြတ်ထားခြင်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေ တင် သွင်းသည့်“ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းချက်များကို ဖောက် ဖျက်ကျူးလွန်ခြင်း၊ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပြွန်စွာ မထမ်းဆောင်ခြင်းတို့အရ စွပ်စွဲ ပြစ်တင်ကြောင်း”အဆိုကို စစ်တပ်ကိုယ်စားလှယ် မဟုတ်သူ ၁၆၃ ဦး၏ ထောက်ခံမှု ဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သြ ဂုတ် ၂၇ ရက်ကလည်း ပျော်ဘွယ်မဲ ဆန္ဒနယ်မှ ဦးမြင့်စိုး ၏ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံး အဖွဲ့သည် မှားယွင်းစွာ ဆောင်ရွက် မိကြောင်း ကြေညာချက် ထုတ်ပြန်ပေးရန် တင်သွင်းသည့် အဆိုကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။


လွှတ်တော်နှင့် အခြေခံဥပဒေခုံရုံး အငြင်းပွားမှု စုံစမ်းစစ်ဆေးမည်

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့် လွှတ်တော်နှစ်ရပ်အကြား ငြင်းခုန်နေသည့် လွှတ်တော်ရေးရာအဖွဲ့များ အဆင့်သတ်မှတ်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့တခုကို ဗုဒ္ဓဟူးနေ့တွင်အောက်လွှတ်တော်က ဖွဲ့စည်းလိုက်သည်။အထက်လွှတ်တော် အမတ် ၁၆၃ ဦးကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်းကို ထောက်ခံအတည်ပြုကြောင်း ဗုဒ္ဓဟူးနေ့တွင် အောက်လွှတ်တော် ဥက္ကဋ္ဌသို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။
စက်တင်္ဘာလ ပထမ သီတင်းပတ်အတွင်း စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်မည် ဖြစ်သော်လည်း
ဆောင်ရွက်မည့်ကိစ္စများနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးမှု မပြုရသေးကြောင်း
စုံစမ်းရေးအဖွဲ့တွင် အောက်လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဦးတီခွန်မြတ်၊ သူရဦးအောင်ကို၊ ဒေါက်တာစိုးရင်၊ ဦးသောင်း၊ ဒေါ်ဒွဲဘူ၊ ဦးမောင်မောင်ဦး၊ ဒေါ်နန်းဝါနု၊ ဦးဘရှိန်၊ ဒေါ်မိမြင့်သန်း၊ ဒေါ်တင်နွယ်ဦး၊ ဒေါ်နန်းစေးအွာ နှင့် ဦးစိုးဝင်းတို့က အဖွဲ့ဝင်များအဖြစ် ပါဝင်ကြောင်း သိရသည်။


ပြည်ပ ငွေအကူများကို လယ်ယာ ကဏ္ဍတွင် အဓိက သုံးစွဲသွားမည်

သြဂုတ်လ ၂၆ ရက်နေ့က ရန်ကုန်မြို့ Starnd Hotel တွင် ပြုလုပ်သော မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း (Myanmar Agribusiness Public Corporation) ဖွင့်ပွဲအခမ်းအနားတွင်နိုင်ငံတကာက ပံ့ပိုးလာသည့် ငွေကြေးအကူအညီများကို မြန်မာ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိကထား သုံးစွဲသွားမည်ဟု သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်ကို ကိုးကား၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့် က ပြော
ကြောင်း သိရသည်။


ဂျပန်ကလပ်အသင်းများတွင် မြန်မာများ လေ့ကျင့်ကစားရန် သဘောတူ

မြန်မာ ဘောလုံး အားကစားသမား လူငယ်များကို ဂျပန် ကလပ် အသင်းများ၊ ဂျပန် လူငယ်အသင်းများတွင် သွားရောက်ကစားလေ့ကျင့်နိုင်ရန် မြန်မာ နေရှင်နယ်လိဂ် နှင့် ဂျပန်ဘောလုံးလိဂ် J-League တို့ တနင်္လာနေ့က ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် စာချုပ် ချုပ်ဆိုခဲ့ကြကြောင်း၁၃ နှစ်အောက် မြန်မာ ဘောလုံးသမား လူငယ်များကို ဂျပန်နိုင်ငံသို့ သွားရောက် ကစားစေမှာ ဖြစ်ကြောင်းနှစ်နိုင်ငံ အသင်းများ ပူးတွဲလေ့ကျင့်နိုင်ရန်နှင့် အသေးစိတ် ဆွေးနွေးမှုများကိုလည်း ဂျပန်နိုင်ငံတွင် စက်တင်္ဘာလ
အတွင်း ပြုလုပ်မည် ဖြစ်
ကြောင်းဂျပန် ဘောလုံး လက်ရွေးစင် အသင်းသည် လက်ရှိအခြေအနေတွင် ကမ္ဘာ့အဆင့် ၂၂ တွင် တည်ရှိနေသည်ဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားကြောင်း သိရသည်။

အသစ်ခန့်အပ်မည့် ၀န်ကြီးများ အရပ်သားပညာရှင် ပါဝင်ဖို့ရှိ

သမ္မတ ဦးသိန်းစိန် အခုရက်ပိုင်းအတွင်း စတင်ဆောင်ရွက်နေတဲ့ အစိုးရအဖွဲ့တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ အချိန်ကာလ (၂)လ လောက် ကြာမြင့်ဖို့ရှိပြီး ပြုပြင်ပြောင်းလဲရေး မလုပ်ချင်တဲ့ ၀န်ကြီးတွေကို ဆက်လက် အနားပေးသွားမှာ ဖြစ်သလို အသစ်ခန့်အပ်မယ့် ၀န်ကြီးတွေထဲမှာလည်း အရပ်သား ကျွမ်းကျင် ပညာရှင်တွေ ပါဝင်လာဖို့ ရှိတယ်လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက မနေ့က အတည်ပြု ပြောကြားပါတယ်။

အင်ဒိုနီးရှား အထူးသံတမန်အဖွဲ့ ဒီမိုကရေစီ မိတ်ဆွေများ ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အင်ဒိုနီးရှား အစိုးရရဲ့ အထူးသံတမန် Dr.Hssaan Wirajuda ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီမိုကရေစီ မိတ်ဆွေများ ပါတီအဖွဲ့ဝင် (၁၀) ပါတီက ခေါင်းဆောင်တွေနဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရုံးမှာ မနေ့ ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။

လူရွှင်တော် မောင်မေတ္တာနှင့်အဖွဲ့ ပုသိမ်မြို့ ရေဘေးသင့် ပြည်သူအတွက် လှူဒါန်း

ဟာသ သရုပ်ဆောင် လူရွှင်တော် မောင်မေတ္တာနဲ့အဖွဲ့က ပုသိမ်မြို့ ရေဘေးသင့် ပြည်သူတွေအတွက် ဆန်နဲ့ ကလေးငယ်တွေအတွက် ကျောင်းသုံးဗလာစာအုပ်တွေ မနေ့က သွားရောက် လှူဒါန်းကြောင်း သိရပါတယ်။

ပျဉ်းမနားတွင် ရဲအရာရှိတစ်ဦး မီးရှို့သေဆုံး

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲအုပ်အဆင့်ရှိတဲ့ ထောက်လှမ်းရေး အရာရှိတစ်ယောက် ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့အဆုံးစီရင် သွားခဲ့တယ်လို့ ယူဆရတဲ့ ဖြစ်ရပ်တစ်ခု နေပြည်တော် ပျဉ်းမနားမြို့မှာ မနေ့ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။သေဆုံးသူ ရဲအရာရှိဟာ SB ရဲသတင်းတပ်ဖွဲ့က ရဲအုပ် ဝင်းမင်းသန့်လို့ သိရပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာဟာ ပျဉ်းမနားမြို့ အနောက်မြောက်ဘက် ပန်းခင်းရပ်ကွက်မှာရှိတဲ့ ဘောရဇ္ဇ ဘုရားဝင်း အတွင်းမှာ ဖြစ်ပါတယ်။သေမှုသေခင်းနဲ့ ပက်သက်လို့ အသေးစိတ် အချက်အလက်တွေကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ပျဉ်းမနား မြို့နယ်ရဲစခန်းမှူး ရဲအုပ် ဦးကျော်မြင့်က အတည်ပြု ပြောကြားပါတယ်။

၂၀၁၂ ခုနှစ် ခုနစ်လတာ ကာလအတွင်း ထုတ်ပေးခဲ့သည့် မြန်မာနိုင်ငံကူးလက်မှတ် တစ်သိန်းနှစ်သောင်းကျော် ၌ ထက်ဝက်နီးပါးမှာ အမျိုးသမီးများ အတွက် ထုတ်ပေးသည့် နိုင်ငံကူးလက်မှတ်များဖြစ်

၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ  ဇူလိုင်လကုန်အထိ ခုနစ်လတာ ကာလအတွင်း မြန်မာနိုင်ငံကူး လက်မှတ် အရေအတွက်တစ်သိန်း နှစ်သောင်းကျော် ထုတ်ပေးခဲ့ပြီး ထိုသို့ထုတ်ပေးခဲ့ရာတွင် အမျိုးသမီး အရေအတွက် ခြောက်သောင်းနီးပါး ပါဝင်ကြောင်း သတင်းရရှိသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ မြန်မာနိုင်ငံကူးလက်မှတ် အရေအတွက်စုစုပေါင်း ၁၂၄၀၃၄ ထုတ်ပေးခဲ့ကြောင်း၊ ယင်းသို့ထုတ်ပေးရာတွင် အမျိုးသားများအတွက် မြန်မာနိုင်ငံကူးလက်မှတ် ၆၄၉၆၈ အုပ် ထုတ်ပေးခဲ့ပြီး အမျိုးသမီးများအတွက် မြန်မာနိုင်ငံကူးလက်မှတ် ၅၉၀၆၆  အုပ်ထုတ်ပေးခဲ့ရကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအချက် အလက်များအရ သိရသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ် ပေးရာတွင် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ပုံမှန်မြန်မာနိုင်ငံကူး လက်မှတ်လျှောက်ထားသူများအား  တစ်လအစား ၂၁ ရက်ဖြင့် မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးခဲ့ကြောင်း နှင့်၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက် နေ့မှစ၍ အလုပ်သမားနိုင်ငံကူး လက်မှတ် သက်တမ်းအား ယခင်သုံးနှစ် မှ လေးနှစ်သတ်မှတ်ထုတ်ပေးခြင်း၊ သင်္ဘောသားနိုင်ငံကူး လက်မှတ်သက်တမ်းတိုး လျှောက်ထားမှုများအား ယခင်တစ်လမှနှစ်ပတ်ဖြင့် ထုတ်ပေးခြင်းနှင့် သင်္ဘောသားအသစ် နိုင်ငံကူး လက်မှတ်များအား သာမန်နိုင်ငံကူး လက်မှတ်လျှောက်ထားသူများကဲ့သို့  ၂၁ရက်ဖြင့်ထုတ်ပေးခြင်းစသည့် ဖြေလျှော့မှုများပေးခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားရာ၌ ယခင်က ရန်ကုန်ရှိ မြန်မာနိုင်ငံကူး လက်မှတ်ထုတ် ပေးရေးရုံးတွင်သာ တစ်နိုင်ငံလုံးမှ လာရောက်လျှောက်ထား ရသော်လည်း ယခုအခါ၌ မန္တလေးတိုင်း ဒေသကြီးရှိ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးခွဲတွင်လည်း လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။     
၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအထိ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးမှုစာရင်း
စဉ် 
လအမည်
ကျား
စုစုပေါင်း
ဇန်န၀ါရီ        
၈၄၈၆ 
၈၃၁၁
၁၆၇၉၇
ဖေဖော်ဝါရီ        
၉၅၀၄
၉၁၅၅
၁၈၆၅၉
မတ်   
၁၀၃၁၄
၁၀၇၄၆
၂၁၀၆၀
ဧပြီ    
 ၆၆၄၁ 
၆၄၇၉
၁၃၁၂၀
မေ  
၁၀၀၉၈
၈၃၃၁
၁၈၄၂၉
ဇွန်    
၁၀၀၀၅
၈၅၅၅
၁၈၅၆၀
ဇူလိုင် 
၉၉၂၀
၇၄၈၉
၁၇၄၀၉
စုစုပေါင်း
၆၄၉၆၈
၅၉၀၆၆
၁၂၄၀၃၄


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment