သြဇာအရှိဆုံး အမျိုးသမီးများစာရင်းပါ ထင်ရှားသူအချို့
စီအီးအိုအသစ်များ

ယခုနှစ်ထုတ်ပြန်သည့် စာရင်းတွင် အမျိုးသမီးစီအီးအိုသစ် ခုနှစ်ဦး ပါဝင်လာခဲ့သော်လည်း အများစုမှာ ရင်းနှီးကျွမ်းဝင်ပြီးသား သူများ ဖြစ်သည်။
ဂူလ်ဂဲအမှုဆောင်နှင့် အဓိက ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးအဖြစ် ယခင်က တာဝန်ထမ်းဆောင်ခဲ့ပြီး ယခု အခါ Yahoo တွင် ဥက္ကဋ္ဌနှင့် စီအီးအို ဖြစ်လာခဲ့သူ မာရစ်ဆာမေယာ၊ ebay ၏အမှုဆောင် အရာရှိချုပ်ဟောင်း တစ်ဦးဖြစ်ခဲ့ပြီး ယခုအခါ  HP ကို ဦးဆောင်နေသည့် မဂ်ဝှစ်မန်၊ J&J မှ ထွက်ပြီး Avon  စီအီးအိုဖြစ်လာသူ  Sheri MaCoy ၊ IBM စီအီးအို Ginni Rometty ၊ ဘရာဇီး၏ Petrobras သဘာဝဓာတ်ငွေ့ကုမ္ပဏီ၏ စီအီးအို Mari das Gracas Silva Foster ၊ Wal-Mart ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် Sam's Club ၏ ထိပ်ဆုံးရာထူးအထိ တိုးမြှင့်ရရှိခဲ့သည့် Risalid Brewer နှင့် Digitas ၏ ဥက္ကဋ္ဌဟောင်းဖြစ်ခဲ့ ပြီး ယခုအခါ Time Inc. ၏ စီအီးအို ဖြစ်လာသူ Laura Lang တို့သည် ထိပ်တန်း ၁၀၀ စာရင်းတွင် ပါဝင်ခဲ့ သည်။ Risalid Brewer သည် Wal-Mart ကုမ္ပဏီခွဲ၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသည့် ပထမဆုံးသော အမေရိကန်-အာဖရိကန် အမျိုးသမီးလည်း ဖြစ်သည်။

နည်းပညာနယ်ပယ်မှ အမျိုးသမီးများ

ဖော့စ်ဘ်၏ သြဇာလွှမ်းမိုးမှု အရှိဆုံးအမျိုးသမီး ၁၀၀ စာရင်းတွင် ဖေ့စ်ဘွက်ခ်၏ COO ဖြစ်သူ ရှာလီဆန်ဘာ့ဂ်ျ၊ ဂူလ်ဂဲ၏ ဒုတိယဥက္ကဌ Susan Wojcicki ၊ HTC ပူးတွဲတည်ထောင်သူနှင့် ဥက္ကဋ္ဌ Cher Wang နှင့် Sing Tel  အုပ်စု စီအီးအို Chua Sock Koong တို့ ပါဝင်သည့်နည်းပညာ နယ်ပယ်မှ အမျိုးသမီး ၁၆ ဦး ဖော်ပြခံခဲ့ရသည်။ ဖော့စ်ဘ်၏ ၂၀၁၂ ခုနှစ် စာရင်းတွင် နည်းပညာနယ်ပယ်ကို ကဏ္ဍသစ်တစ်ခု အနေဖြင့် ထည့်သွင်း ဖော်ပြခဲ့သည်။

အမျိုးသမီးစွန့်ဦး တီထွင်သူများ

အော်ဖရာဝင်းဖရေး၊ Arianna Huffington၊ Diane Von Fursten-berg၊ တရုတ် အိမ်ခြံမြေသန်းကြွယ် သူဌေး Zhang Xin၊ Zara တည်ထောင်သူနှင့် ဘီလျံနာ Rosalia Mera နှင့် အိန္ဒိယ၏ပထမဆုံး ဇီဝနည်းပညာ စွန့်ဦးတီထွင်သူ Krian Mazumdar Shaw တို့သည်လည်း ဖော့စ်ဘ်၏ စာရင်းထဲတွင် ပါဝင်ခဲ့သည်။

အနုပညာနယ်ပယ်မှ အမျိုးသမီးများ

အနုပညာရှင်များသည် အနုပညာလုပ်ငန်းအပြင် ပရဟိတလုပ်ငန်းများ၊ ကုလသမဂ္ဂ၏သံတမန် အဖြစ်ခန့်အပ်ခံရမှုများနှင့် စီးပွားရေး လုပ်ငန်းများတွင် အောင်မြင်မှုခဲ့မှု များကြောင့် ဖော့စ်ဘ်၏ စာရင်းတွင် ဖော်ပြခံရခြင်းဖြစ်သည်။
Born This Way ဖောင်ဒေးရှင်းတည်ထောင်သူ အဆိုတော် လေဒီဂါဂါ၊ အာဖရိကရှိ မိန်းကလေးများ အတွက် The Oprah Winfrey Leadership Academy တည်ထောင် သူအော်ပရာဝင်းဖရေး၊ ကုလသမဂ္ဂ သံတမန်များဖြစ်သည့် အဆိုတော် ရှာကီယာနှင့် သရုပ်ဆောင် အင်ဂျလီနာဂျိုလီ၊ ဘရာဇီးမော်ဒယ်ွ Gisele Bundchen  နှင့် အဆိုတော်ဂျနီဖာလိုပက်ဇ်တို့သည်လည်း ၂၀၁၂ ခုနှစ် ကမ္ဘာ့သြဇာလွှမ်းမိုးမှု အရှိဆုံးအမျိုးသမီး ၁၀၀ စာရင်းတွင် ထည့်သွင်း ဖော်ပြခံရသည်။

ပါဝင်သူအချို့၏ ကိုယ်ရေးအကျဉ်း
အင်ဂျလာမာကယ်(ဂျာမနီဝန်ကြီးချုပ်)

အသက် ။ ၅၈ နှစ်
နေရပ် ။ ဘာလင်၊ ဂျာမနီ
နိုင်ငံသား ။ ဂျာမနီ
ပညာအရည်အချင်း ။Doctorate, Leipzig University? Master of Science, Leipzig University
အိမ်ထောင်ရှိ၊မရှိ ။ ရှိ
ကမ္ဘာ့သြဇာလွှမ်းမိုးမှု အရှိဆုံး အမျိုးသမီး ၁၀၀ စာရင်း၏ပထမနေရာ တွင် နှစ်နှစ်ဆက်တိုက် ဖော်ပြခံခဲ့ရသည် ဂျာမနီဝန်ကြီးချုပ်အင်ဂျလာမာ ကယ်သည် ဥရောပ၏ သံမဏိအမျိုးသမီးနှင့် ယူရိုဇုန်စီးပွားရေးအကျပ် အတည်းတွင် အဓိကပါဝင်ခဲ့သူဖြစ်သည်။ ဂရိ၊ စပိန်၊ အီတလီနှင့် ပေါ်တူဂီ နိုင်ငံတို့သည် စီးပွားရေးပြိုလဲမှုတစ်ခု၏ ချောက်ကမ်းပါးစွန်းတွင် ယိမ်းယိုင် နေစဉ် ဥရောပဇုန် ၁၇ နိုင်ငံကို ထိန်းသိမ်းရန် သူမ၏အာဏာဖြင့်လုပ် ဆောင်သွားမည်ဟု မာကယ်က ကတိပြုခဲ့သည်။ ကျိုတိုသဘောတူညီမှုကို သက်တမ်းတိုးရန် နိုင်ငံတကာခေါင်းဆောင်များအား မာကယ်က တိုက်တွန်း ခဲ့သည်။ မာကယ်သည် ၀န်ကြီးချုပ်တာဝန်ကို ၂၀၀၅ ခုနှစ်ကတည်းက စတင်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လက်ရှိတွင် လူထုထောက်ခံမှုနှုန်း ၇၀ ရာခိုင် နှုန်းနီးပါးရှိနေသည်။

ဟီလာရီကလင်တန်(အမေရိကန်နိုင်ငံခြားရေးဝန်ကြီး)

အသက် ။ ၆၄ နှစ်
နေရပ် ။ ၀ါရှင်တန်၊ ဒီစီ
နိုင်ငံသား ။ အမေရိကန်
ပညာအရည်အချင်း ။ Bachelor of Arts/Science, Wellesley College; Master of Laws, Yale University
အိမ်ထောင် ရှိ၊မရှိ ။ ရှိ၊
သား၊သမီး ။ တစ်ဦး
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏အချိန်များစွာကို ခရီးသွား ခြင်းဖြင့် ကုန်ဆုံးခဲ့ရသည်။ ဟီလာရီသည် ၂၀၁၂ ခုနှစ် တစ်နှစ်တည်းတွင် နိုင်ငံပေါင်း ၄၂ နိုင်ငံသို့ သွားရောက်ခဲ့သည်။ ဟီလာရီသည် ပြီးခဲ့သည့် ၁၂ လ အတွင်း ခက်ခဲသည့်အကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရသည်။ဆီးရီးယားသမ္မတ ဘာရှာအာဆတ်ကို ရာထူးစွန့်လွှတ်ရန်နှင့် နိုင်ငံတွင်းမှ ထွက်ခွာရန် ဟီလာရီက တိုက်တွန်းခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကိုလည်း ၎င်းင်း၏ဖခင်နှင့် ကွဲပြားခြားနားမှုရှိသော လမ်းကြောင်း တစ်ခုကို ရေးဆွဲရန် ဟီလာရီကလင်တန်က သတိပေးခဲ့သည်။

ဒီလ်မာရူးဆက်ဖ် (ဘရာဇီးသမ္မတ)

အသက် ။ ၆၄ နှစ်
နေရပ် ။ ဘရာဇီးလီးယား၊ ဘရာဇီး
နိုင်ငံသား ။ ဘရာဇီး
ပညာအရည်အချင်း ။ Bachelor of Arts/Science,Federal University of Rio Grande do Sul
အိမ်ထောင် ရှိ၊မရှိ ။ ကွာရှင်းထား၊
သား၊သမီး ။ တစ်ဦး
ဒီလ်မာရူးဆက်ဖ်သည် ၎င်း၏သမ္မတ ပထမသက်တမ်းနှစ်ဝက်အတွင်း ဆင်းရဲမွဲတေမှုများကို အမြစ်ဖြတ်နှိမ်နင်းရန်နှင့် ပညာရေး၊ ကျန်းမာရေးစောင့် ရှောက်မှုနှင့် သန့်ရှင်းရေး လုပ်ငန်းများအတွက် ရည်ရွယ်သည့်(Brazil Without Misery) အစီအစဉ်၊ စီးပွားရေးတိုးတက်မှုနှင့် တီထွင်ဖန်တီးမှုများ၊ ၀န်ဆောင်မှုများအား အာရုံစိုက်သည့် အစီအစဉ်များပြုလုပ်ခဲ့သည်။ “ဘရာဇီး နိုင်ငံကို လူလတ်တန်းစားတွေ တိုးပွားဖို့၊ ယှဉ်ပြိုင်မှုတွေမြင့်မားဖို့နဲ့ ပညာတတ်တွေ များပြားတဲ့ နိုင်ငံတစ်ခု ဖြစ်စေချင်ပါတယ်”ဟု ရူးဆက်ဖ်ကဖော့စ်ဘ် မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် လွှတ်တော်အမတ်၊ မြန်မာ)

အသက် ။ ၆၇ နှစ်
နေရပ် ။ ရန်ကုန်၊ မြန်မာ
နိုင်ငံသား ။ မြန်မာ
ပညာအရည်အချင်း ။ B.A. Philosophy, Politics and Economics, St Hugh's College, Oxford? PhD,School of Oriental and African Studies, University of London
အိမ်ထောင်ရှိ၊မရှိ ။ ခင်ပွန်းကွယ်လွန်၊
သား၊သမီး ။ နှစ်ဦး
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီလှုပ်ရှားမှုကို ကမ္ဘာနှင့်အ၀န်း အသိအမှတ်ပြုခဲ့သည်။ ဆယ်စုနှစ်နှစ်ခုနီးပါး နေအိမ်အကျယ်ချုပ် ဖမ်းဆီးခံရမှုမှ လွတ်မြောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ရွေးချယ်ခံခဲ့ပြီး သူ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် လွှတ်တော်အမတ်နေရာ ၄၅ နေရာ အနက် ၄၃ နေရာကို အနိုင်ရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ဇွန်လတွင် ၁၉၉၁ ခုနှစ်က ရရှိခဲ့သည့် နိုဘယ်ဆုအတွက်  လက်ခံမိန့်ခွန်းပြောကြားခဲ့သည်။ ဥရောပခရီးစဉ် အတွင်း ဗြိတိန်ပါလီမန်၏ လွှတ်တော်နှစ်ခုလုံးတွင် အလိဇဘက်ဘုရင်မပြီးလျှင် ပထမဆုံးမိန့်ခွန်း ပြောကြားခွင့်ရသည့် အမျိုးသမီး ဖြစ်လာခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခဲ့ပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာသိ ဒီမိုကရေစီ ရှေ့ဆောင်တစ်ဦး ဖြစ်လာခဲ့သည်။
Ref:AFP

LWIN PWIN
NLABR
Web-site:                    www.nlabr.com
Blog:                          http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment