အမေရိကန်ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲ (Mixed Martial Artist-MMA) ကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံသား ကချင်လူမျိုးဖြစ်သူ အောင်လအန်ဆိုင်းသည် အမေရိကန်နိုင်ငံသား ဂျက်ဆင်လော့ခ်ကို အလဲထိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲကို အောက်တိုဘာလ ၁၃ ရက်က အမေရိကန်နိုင်ငံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အောင်လအန်ဆိုင်းသည် ယင်းပွဲမှ ရရှိသောငွေကြေးများအားလုံးကို ကချင်ပြည်နယ်ရှိ ဒုက္ခသည် တိုင်းရင်းသားများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်းကို ယင်းပွဲမယှဉ်ပြိုင်မီကတည်းက ပြောကြားထားခဲ့သူဖြစ်ပြီး စစ်ဘေးဒုက္ခရောက်နေသော ကချင်တိုင်းရင်းသားများကို စာနာမိကြောင်း အောင်လအန်ဆိုင်းက ပြောကြားသည်။
အောင်လအန်ဆိုင်းကို 'မြန်မာ ပြည်စပါးအုံး' (The Burmese Python) ဟု MMA လောက၌ နာမည်ပြောင်ဖြင့် ခေါ်ဆိုကြောင်းလည်း သိရသည်။ ၄င်းသည်၂၀၀၇ ခုနှစ် ကတည်းက MMA ပြိုင်ပွဲများကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လက်ရှိအချိန်အထိ ၁၄ ပွဲနိုင်၊ ၈ ပွဲရှုံးနိမ့်ထားကြောင်း သိရသည်။ ကချင်ပြည်နယ် မြစ်ကြီးနားဇာတိဖြစ်သူ အောင်လအန်ဆိုင်းသည် အမေရိကန်နိုင်ငံ မစ်ချီကန်ပြည်နယ်အင်ဒရူး တက္ကသိုလ်မှစီးပွားရေးနှင့် မွေးမြူရေးသိပ္ပံဘွဲ့ ရရှိခဲ့သူတစ်ဦးဖြစ်ပြီး Mixed Martial Artist ပညာကို ၂၀၀၄ ခုနှစ်မှ စတင်သင်ကြားခဲ့သူ တစ်ဦးဖြစ်သည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment