မြန်မာသတင်းများ မတ် ၀၂ ရက်၊ ၂၀၁၂
ကန့်သတ်နှောက်ယှက်မှုများ ရှိနေသေးကြောင်း NLD ပြော
စည်းရုံးရေး နှင့် မဲဆွယ်ရေး လုပ်ငန်းများတွင် ကန့်သတ်မှုများနှင့် နှောင့်ယှက်မှုများ ရှိနေသေး သဖြင့် ကြားဖြတ်ရွေးကောက်ပွဲ၏ တရားမျှတမှုစွာ ယှဉ်ပြိုင်မှုကို ထိခိုက်နိုင်ကြောင်း မတ်လ ၆ ရက်နေ့၌ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်ရှိ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ ဇဗ္ဗူသီရိ၊ ပုဗ္ဗသီရိ မြို့နယ်တို့တွင် စည်းရုံးဟောပြောရန် စီစဉ်ထားရာ နှစ်နေရာ အတွက် ခွင့်ပြုချက် မရသေးဘဲ ကန့်ကွန့်မှုများ
နှင့် ကြုံနေရကြောင်း
နှင့် ကြုံနေရကြောင်း
NLD ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည့် အဆိုတော် (ဦး)ဇေယျာသော် ဝင်ရောက်ယှဉ်ပြိုင်မည့် ပုဗ္ဗသီရိမြို့နယ်နှင့် ဒေါ်စန္ဒာမင်းဝင်ပြိုင်မည့် ဇဗ္ဗူသီရီမြို့နယ်တို့တွင် ဒေါ်အောင်ဆန်းစုကြည်က ပါတီစည်းရုံးရေး ဟောပြောလိုသော် လည်း ဟောပြောရန် နေရာများ ယခုထိ မရနိုင်သေးခြင်း ဖြစ်ကြောင်း
ပုဗ္ဗသီရိမြို့နယ်မှ လယ်ကွက်တခုတွင် ဟောပြောရန် ပြင်ဆင်ထားမှုကို မြို့နယ်အုပ်ချုပ်ရေးမှူးက ကန့်ကွက်ထားကြောင်း ယင်းကိစ္စကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အထိ ဆက်လက် တင်ပြသွားမည် ဖြစ်ကြောင်း ကြိုတင်အကြောင်းမကြားဘဲ ပါတီစည်းရုံးရေးဆင်းသည်ဟု ဆိုကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းကြားလာသည်ဟုလည်း ဆိုကြောင်း
နိုင်ငံပိုင် သတင်းစာများတွင် ‘ငါးမင်းဆွေ’ ကလောင်အမည်ဖြင့် ဝေဖန်ရေးဆောင်းပါးများ ရေးသားသော ဦးမင်းဆွေ က ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု နှင့်ပတ်သက်၍ မိမိအမှားကို ဝန်ခံရမည်ဟုရေးသားထားသော စာများကို ရန်ကုန်တိုင်း သုံးခွမြို့နယ်တွင် ဖြန့်ဝေခဲ့သဖြင့် NLD က ရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာ ရဲစခန်းများက အရေးယူပေးပါရန် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့က အကြောင်းထားသည်ဟုလည်း ဦးဉာဏ်ဝင်းက ပြောကြောင်း ဖေဖေါ်ဝါရီလ အတွင်းက နေပြည်တော်တွင် NLD ပါတီ၏ ဆိုင်းဘုတ်နှစ်ခုအား ဖျက်ဆီးခံခဲ့ရခြင်းကိုလည်း ကော်မရှင်နှင့် သက်ဆိုင်ရာ ရဲစခန်းကို အကြောင်းကြားထားသည့်တိုင် ယခုထိ ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း
ဒေါ်အောင်ဆန်းစုကြည်ကလည်း ပါတီစည်းရုံးရေးများ ဆက်လက် ပြုလုပ်လျက်ရှိရာ ကြာသပတေးနေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ကလော၊ အောင်ပန်း၊ ဟဲဟိုးမြို့များသို့ နေ့ချင်းပြန် သွားရောက်စည်းရုံး ဟောပြောခဲ့ရာ လူထုပရိသတ် ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
ဒီမိုကရေစီရေးမှာတိုင်းရင်းသားတွေ ပူးပေါင်းဖို့ဒေါ်စုတိုက်တွန်း
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ထွန်းကားဖို့ဆိုရင် တိုင်းရင်းသားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ကြောင်း ရှမ်းပြည်နယ်ကို သွားရောက်တဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်အတွင်း - အခုလို ပြောဆိုခဲ့ကြောင်း ဒါ့အပြင် ဒီမိုကရေစီရရှိအောင် လုပ်ပေးမယ့် တပ်မတော်ကို လိုလားတဲ့အတွက် တပ်မတော်သားတွေအနေနဲ့လည်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲထည့်ကြဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က ဒီခရီးစဉ်အတွင်းမှာ တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။
ဖွဲ့စည်းပုံကို ပြင်ရန် တပ်မတော် ပါဝင်ပူးပေါင်းဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော
မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေးမှာ တပ်မတော် ပူးပေါင်းပါဝင်ဖို့ လိုအပ်ကြောင်း အန်အယ်လ်ဒီ မဲဆွယ် စည်းရုံးရေးခရီးစဉ်အဖြစ် ရှမ်းပြည်နယ်ကို သွားရောက်တဲ့ ခရီးစဉ်အတွင်း ကလောမြို့လူထုကို ပြောကြားတဲ့မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောခဲ့ကြောင်းဖွဲ့စည်းပုံ အခြေခံဥပဒေ ခိုင်မာမှ နိုင်ငံတည်တံ့ခိုင်မြဲမှာ ဖြစ်တာကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲဖို့ တပ်မတော်ရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်ကြောင်း၊ လွတ်လပ်ရေး ကြိုးပမ်းမှုကာလက ပြည်သူနဲ့ တပ်မတော် အပြန်အလှန် ချစ်ခင်မှု၊ အားကိုးမှုရှိခဲ့တဲ့ အခြေအနေမျိုး အခုလည်း ဖြစ်စေချင်ကြောင်း
တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေး အရေးကြီးပြီး တရားဥပဒေ စိုးမိုးရေးဟာ အကြောက်တရားကနေ ပြည်သူလူထုကို အကာအကွယ် ပေးနိုင်ဖို့ လိုအပ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း
ဟဲဟိုးလေဆိပ်ကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာရာမှာ ဒေသခံ ပြည်သူတွေက ကြိုဆိုခဲ့ကြကြောင်း အဲဒီနောက် အောင်ပန်းမြို့ ဟိုက်ဒရိုကွင်းမှာ သောင်းနဲ့ချီတဲ့ လူထုကို မိန့်ခွန်း ပြောကြားကြောင်း
မတ် ၀၁ ရက်၊ နေ့လယ်ပိုင်းမှာ ကလောမြို့နယ် အန်အယ်လ်ဒီရုံးမှာ လူထုကို ထပ်မံဟောပြောခဲ့ကြောင်း အဲဒီဟောပြောပွဲကို ကဗျာဆရာ စာရေးဆရာကြီး ဒဂုန်တာရာနဲ့ တောင်ကြီး ရဟန်းပျိုများအဖွဲ့ ဥက္ကဋ္ဌဟောင်း ဆရာတော် ဦးခေမာနန္ဒတို့လည်း တက်ရောက်ကြပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဆုတောင်းမေတ္တာ ချီးမြှင့်ခဲ့ကြောင်း အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဟဲဟိုးမြို့ ကျောက်တိုင်ကွင်းမှာ လူထုကို မိန့်ခွန်း ပြောကြားပြီး ညနေ ၄ နာရီမှာ ဟဲဟိုးလေဆိပ်ကနေ ရန်ကုန်မြို့ကို ပြန်လည် ထွက်ခွာလာကြောင်း သိရပါတယ်။
တရုတ်ပြည်ကို ဓာတ်ငွေ့ပိုက်လိုင်း သွယ်မယ့်ကိစ္စ ကန့်ကွက်
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ ရပ်ဆိုင်းရေး ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုလှုပ်ရှားမှုအနေနဲ့ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က တရုတ် ကောင်စစ်ဝန်ရုံးရှေ့မှာ မတ် ၀၁ ရက်၊ မနက် ၁၀ နာရီကစပြီး မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့ သွားရောက် ပူးပေါင်းဆန္ဒပြခဲ့ပြီး သမ္မတ ဦးသိန်းစိန်ထံကိုလည်း အိတ်ဖွင့်ပေးစာတစ်စောင် ပို့လိုက်ကြောင်း၂၀၁၃ မှာ စတင်လည်ပတ်တော့မယ့် မြန်မာနိုင်ငံ အနောက်ဘက် ကမ်းခြေကနေပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်တန်းမယ့် ရွှေဂက်စ် စီမံကိန်းနဲ့အတူ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတွေ ရပ်တန့်ပေးဖို့ တောင်းဆို ဆန္ဒပြနေကြတာဖြစ်ကြောင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းရပ်ဆိုင်းရေး ဒီကနေ့ လှုပ်ရှားမှုတွေကို မြန်မာနိုင်ငံ ကျောက်ဖြူနဲ့ ရန်ကုန်၊ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ တခြားနိုင်ငံ တခြားမြို့တွေမှာလည်း လုပ်ခဲ့ကြပြီး ချင်းမိုင်မြို့မှာတော့ တရုတ် ကောင်စစ်ဝန်ရုံးက တာဝန်ရှိသူဆီမှာ တောင်းဆိုစာတွေ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အိန္ဒိယနယ်စပ် မြန်မာနှစ်ဦး ဖမ်းမိ၊ တဦး KIA မှဟုဆို
အိန္ဒိယ-မြန်မာနယ်စပ် မိုးရေးမြို့တွင် ကချင်လွတ်မြောက်ရေးတပ် KIA အဖွဲ့ဝင် လူကြီးတဦး ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရကြောင်း
မိုးရေးမြို့ အမှတ် ၃ ရပ်ကွက်နေ အသက် ၆၅ နှစ်အရွယ် ဦးဖောင်နား လထွယ် Hpauna Lahtoi ခေါ် Alizou အား ပစ္စတိုတလက်၊ ၆.၃၅မမ ကျည် ၅ တောင့်နှင့်အတူ ဖမ်းဆီးရမိကြောင်း အိန္ဒိယ Nagaland Post သတင်းတရပ်တွင်ဖော်ပြပါရှိကြောင်းနယ်မြေခံ အာသံရိုင်ဖယ် အမှတ် ၉ မှ တပ်ဖွဲ့များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သို့သော် လက်နက်နှင့် ဖမ်းဆီးမိသည်ဆိုသည်မှာ လုပ်ကြံမှုလည်း ဖြစ်နိုင်ကြောင်း ဦးလထွယ် လွတ်မြောက်ရေး အတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် မိုးရေးမြို့နေ ဦးဆာဆတ် က ပြောကြောင်း ဦးလထွယ်မှာ ၁၉၉၂ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံ Arunachal Pradesh ပြည်နယ်တွင် နေထိုင်ပြီးနောက် မိုးရေးမြို့ သို့ ပြောင်းရွှေ့အခြေချ နေထိုင်သူတဦးဖြစ်ကြောင်း
ဦးလထွယ်ကို မဏိပူရပြည်နယ်၊ အင်ဖာမြို့ အနောက်ပိုင်း ရဲဌာနတွင် ဖမ်းဆီးထားပြီး လက်နက်မှုမြောက်ပါက
ထောင်ကျနိုင်သော်လည်း လွတ်မြောက်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ထို့အပြင် အိန္ဒိယအစိုးရအား ပုန်ကန်နေသည့် မြေအောက်အဖွဲ့များထဲမှ တခုဖြစ်သည့် PREPAK အဖွဲ့ဝင်တဦးဟု ယူဆရသူကိုလည်း လက်နက်နှင့်ပင် မိုးရေးမြို့ထဲမှ ဖမ်းဆီးရမိခဲ့ကြောင်း တမူးမြို့နေ အသက် ၂၅ နှစ်အရွယ် ဇော်သူ ခေါ် ဘလိုင်း အား AK-47 တလက်၊ ၇.၆၂ မမ ကျည် ၅ တောင့်နှင့်အတူ အမှတ် ၉ အာသံရိုင်ဖယ် တပ်များကပင် ဖမ်းဆီးရမိခဲ့သည်ဟု ဆိုကြောင်း
ဖေဖေါ်ဝါရီလ ၄ ရက်နေ့ကလည်း တမူးမြို့ နန့်ဖာလုံဈေး အနီးတွင် ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့သေးသည်။ အိန္ဒိယ အာသံရိုင်ဖယ် Assam Rifle တပ်မှ ကင်းလှည့်စစ်ဆေးစဉ် နယ်စပ်ဂိတ်အမှတ် ၂ ၌ မဏိပူရ (ကသဲ) လူမျိုး အချို့က အစစ်အဆေးမခံဘဲ မြန်မာဘက်ခြမ်း နန့်ဖာလုံ ဈေးဂိတ်သို့ ထွက်ပြေးခြင်းကြောင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း
အိန္ဒိယ ခွဲထွက်သူပုန်များဖြစ်ကြသည့် PLA, ULFA, UPLF, PREPAK, KCP, KYKL, RPF နှင့် UNLF တို့ အပါအဝင် ရှစ်ဖွဲ့ထက်မနည်းမှာ မြန်မာ့မြေပိုင်နက် အတွင်းဝယ် ခိုလှုံ နေထိုင်ကြကြောင်း
၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ခရစ်စမတ်နေ့ကလည်း နန်းဖာလုံဈေးလုံခြုံရေး တာဝန်ကျ မြန်မာစစ်သားတဦး၏ ပစ်ခတ်မှုကြောင့် အနီးရှိ အိန္ဒိယပိုင် မိုးရေးမြို့ဘက်တွင် ဘောလုံးကစား နေသည့် လူငယ်တဦးအား သေနတ်ကျည်ဆံ ထိမှန် ခဲ့ဖူးကြောင်း သတင်းရရှိသည်။
မန်းငြိမ်းမောင်အမှု ထောင်ပိုင်နှစ်ဦးကို ဒီကနေ့ စစ်ဆေး
အင်းစိန်ထောင်မှာ အဖမ်းခံနေရတဲ့ KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကို KNU နဲ့ ငြိမ်းချမ်းရေး စကားပြောဖို့ အကြံဥာဏ် လာတောင်းတယ်ဆိုတဲ့ နေပြည်တော်က လာရောက်တဲ့ အရာရှိကြီးများ အင်းစိန်ထောင်တွင်း လာရောက်ခဲ့တဲ့ မှတ်တမ်းမရှိကြောင်း အင်းစိန် ထောင်ပိုင်နှစ်ဦးက ဒီကနေ့ ထွက်ဆိုသွားတယ်လို့ မန်းငြိမ်းမောင်ရဲ့ရှေ့နေ ဦးကြီးမြင့်က ပြောကြောင်း
KNU ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဖဒိုမန်းငြိမ်းမောင်အမှုကို အင်းစိန်ထောင် အထူးတရားရုံးမှာ ဒီနေ့ ဆက်လက် စစ်ဆေးရာမှာ တရားခံပြသက်သေအဖြစ် ထောင်ပိုင်နှစ်ဦးကို စစ်ဆေးခဲ့ကြောင်း
လက်ရှိထောင်ပိုင်ကြီး ဦးမိုးဇော်နဲ့ အငြိမ်းစားယူသွားတဲ့ ထောင်ပိုင် ဦးသက်ရှည်တို့ရဲ့ ထွက်ဆိုချက်နဲ့ ပတ်သက်ပြီး ရှေ့နေ ဦးကြီးမြင့်က ၅ ရက်နေ့မှာ ဖဒိုမန်းငြိမ်းမောင်ကို စအဖကို လွှဲပေးခဲ့ရပြီး ၂၅ ရက်နေ့မှာ မိမိတို့ဆီကို ပြန်ရောက်လာတဲ့ မှတ်တမ်းပဲရှိကြောင်း၊ ထောင်မှာ လာတွေ့တဲ့မှတ်တမ်းတော့ မိမိတို့ဆီမှာ မရှိကြောင်း ထွက်ဆို သွားကြကြောင်း
ဒါ့အပြင် တရားခံပြသက်သေ နောက်တစ်ဦးဖြစ်တဲ့ ငြိမ်းချမ်းရေးအကျိုးဆောင် တောင်ကလေးဆရာတော် ဘဒ္ဒ န္တ ပညာသာမိ ဒီနေ့ ရုံးချိန်း ကြွရောက် မလာနိုင်တာကြောင့် နောက်တစ်ပတ်ရုံးချိန်းမှာ ကြွရောက်လာနိုင်ရင် ဆရာတော်ကို သက်သေအဖြစ် စစ်ဆေးမယ်လို့လည်း ပြောပါကြောင်း
ဖဒိုမန်းငြိမ်းမောင်ကို အစိုးရဘက်က KNUနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အကူအညီတောင်းလို့ အကြံဉာဏ်တွေ ပေးခဲ့တယ်လို့ ရှေ့နေ ဦးကြီးမြင့်က ပြောကြောင်းမန်းငြိမ်းမောင်ဆီက အကြံဉာဏ် လာရောက်ယူသူတွေက မန်းငြိမ်းမောင်ကို ‘ငြိမ်းချမ်းရေးသာ ရအောင်လုပ်ပေးပါ၊ အမူကိစ္စကို တာဝန်ယူပါတယ်’လို့ ပြောဆိုခဲ့ကြောင်း
ဒီအတွက် သက်သေအထင် အရှားပြသနိုင်အောင် ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းနဲ့ နေပြည်တော်က အရာရှိကြီးလေးဦးကို ခေါ်ယူဖို့ တရားခံပြသက်သေ တင်ခဲ့ရာမှာ ပြီးခဲ့တဲ့အပတ်က တရားရုံးက ပယ်ချခဲ့ပြီး ထောင်ပိုင်နှစ်ဦးနဲ့ တောင်ကလေး ဆရာတော်ကိုပဲ သက်သေအဖြစ် လက်ခံခဲ့တာဖြစ်ကြောင်း သိရှိရသည်။
မွန်ပြည်သစ် မော်လမြိုင် ဆက်ဆံရေးရုံး ပြန်လည်ဖွင့်လှစ်
၂၀၁၀ ခုနှစ် အပစ်ရပ် ပျက်ပြားချိန်မှစ၍ ပိတ်ထားခဲ့သည့် မွန်ပြည်သစ်ပါတီ၏ ဆက်ဆံရေးရုံးများအနက် အဓိက အကျဆုံး ဖြစ်သည့် မော်လမြိုင် ဆက်ဆံရေးရုံးကို ပြန်လည် ဖွင့်လှစ်ပြီ ဖြစ်ကြောင်း
မွန်ပြည်သစ်နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ မော်လမြိုင်မြို့ ကမ်းနားလမ်းဟိုတယ်တွင် စနေနေ့က ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုးအပြီး တနင်္ဂနွေနေ့ (ဖေဖော်ဝါရီလ ၂၆ ရက်နေ့) တွင် အဆိုပါ ဆက်ဆံရေးရုံးကို ပြန်လည်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း
မွန်ပြည်သစ်နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ မော်လမြိုင်မြို့ ကမ်းနားလမ်းဟိုတယ်တွင် စနေနေ့က ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုးအပြီး တနင်္ဂနွေနေ့ (ဖေဖော်ဝါရီလ ၂၆ ရက်နေ့) တွင် အဆိုပါ ဆက်ဆံရေးရုံးကို ပြန်လည်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း
လက်ရှိတွင် မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်ရှိ ဆက်ဆံရေးရုံးတွင် ရုံးအုပ်တဦး အပါအဝင် ဗဟိုကော်မတီဝင် ဒု-ဗိုလ်မှူးကြီး ဗညားချမ်းနွန်ကို ယာယီတာဝန်ခံအဖြစ် ခန့်ထားကြောင်း မွန်ပြည်သစ်၏ မဟာမိတ်နှင့် နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာပိန်ခိုင်းက ပြောကြောင်းလာမည့်သီတင်းပါတ်တွင် ပြုလုပ်မည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ကျန်ရှိသည့် ဆက်ဆက်ရေးရုံးများ ဆက်လက်ဖွင့်နိုင်ရေးအတွက် ဆွေးနွေးဖွယ်ရှိကြောင်း ၁၉၉၅ ခုနှစ် ပထမအကြိမ် အပစ်အခတ် ရပ်စဲစဉ်က မွန်ပြည်နယ် မော်လမြိုင်၊ သံဖြူဇရပ်၊ ရေးနှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့နယ်ခွဲတွင် မွန်ပြည်သစ် ဆက်ဆံရေးရုံး ၄ နေရာ ဖွင့်လှစ်ခဲ့ကြောင်း
ဖေဖော်ဝါရီလ ၁ ရက်နေ့ ပြည်နယ်အဆင့် အစိုးရ ကိုယ်စားလှယ်များနှင့် ဆွေးနွေးစဉ်က ယခင်ဆက်ဆံရေးရုံးများ အပါအဝင် တနင်္သာရီတိုင်း မြိတ်မြို့၊ ရေဖြူမြို့နယ် ယားဖူးရွာ၊ မွန်ပြည်နယ် မုဒုံ၊ ကျိုက်မရောမြို့နှင့် ပေါင်မြို့နယ် ဇင်းကျိုက်ရွာတို့တွင် ဆက်ဆံရေးရုံး ၉ နေရာ ဖွင့်လှစ်နိုင်ရန် မွန်ပြည်သစ်ဘက်မှ တင်ပြခဲ့ကြောင်း
၁၉၅၈ ခုနှစ်တွင် တည်ထောင်ခဲ့သည့် မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် ယခင် နဝတ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပြီး နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ် အသွင်ပြောင်းရန် ဗဟိုအစိုးရက ဖိအားပေးခဲ့ရာမှ ၂ဝ၁ဝ ခုနှစ်နှောင်းပိုင်းတွင် အပစ်အခတ် ရပ်စဲရေး ပျက်ပြားကာ ဆက်ဆံရေးရုံးများကိုလည်း ပိတ်ခဲ့ရကြောင်း သိရှိရသည်။
အစိုးရအဖွဲ့ တနှစ်ပြည့် ဦးသိန်းစိန် မိန့်ခွန်းပြော
အစိုးရသစ် သက်တမ်း တနှစ်ပြည့် အထိမ်းအမှတ်အနေနှင့် သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု လွှတ်တော်တွင် မတ် ၀၁ ရက်၊ နေ့နံနက် ၁၀ နာရီခန့်က မိန့်ခွန်းပြောကြားကြောင်း မိန့်ခွန်း၌ တိုင်းရင်းသား အရေးအပါအ၀င် အစိုးရအဖွဲ့၏ မူဝါဒများ၊ တနှစ်တာ အတွင်း ဆောင်ရွက်ချက်များနှင့် ရှေ့တွင် ဆောင်ရွက်မည့် ကိစ္စရပ်များကို ပြောကြားသွားကြောင်း သိရှိရသည်။
အစိုးရအတွင်း ဂိုဏ်းမကွဲဟု သမ္မတဦးသိန်းစိန် ပြော
သမ္မတ ဦးသိန်းစိန်က မိမိတို့ အစိုးရအဖွဲ့အတွင်း သဘောထားတင်းမာသူများနှင့် ပျော့ပျောင်းသူများဟူ၍ အုပ်စုနှစ်စု ကွဲပြားနေကြောင်း ပြောဆိုနေမှုများ မဟုတ်မှန်ဟု လွှတ်တော်မှတဆင့် ယနေ့တိုင်းပြည်သို့ ပြောကြားသည့် အစိုးရတနှစ်ပြည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုလိုက်ကြောင်း
“ဒီကနေ့ ကျနော်တို့ အစိုးရကို နေရာအနှံ့က အမျိုးမျိုးအဖုံဖုံ ဝေဖန်ပြောကြားနေတာတွေကို သိရှိထားပါတယ်။ အပြုသဘောမဆောင်တဲ့ ကောလာဟလတွေလည်း ကြားသိနေရပါတယ်။ ကျနော်တို့အစိုးရဟာ ဒီကနေ့ အများပြောနေကြသလို ခေါင်းမာဂိုဏ်းနဲ့ အပျော့ဂိုဏ်းဆိုပြီး ကွဲပြားနေတာ မရှိပါဘူး” ဟု သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်ကြောင်းသိရှိရသည်။
နိုင်ငံ့အရေးမှာအားလုံးပါဝင်ဖို့ သမ္မတဦးသိန်းစိန်တိုက်တွန်း
အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသားတွေ ပါဝင်နိုင်မှုဟာ အရေးအကြီးဆုံး ဖြစ် တယ်လို့ သမ္မတဦးသိန်းစိန်က ပြောလိုက်ကြောင်း ပြီးခဲ့တဲ့ တနှစ်အတွင်း အစိုးရရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုတွေမှာ အောင်မြင်မှုတွေရှိသလို စိန်ခေါ်မှုတွေကိုလဲ ရင်ဆိုင်ခဲ့ရတယ်လို့ ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ သမ္မတ ဦးသိန်းစိန်က ပြောခဲ့ကြောင်း
လက်ရှိအစိုးရရဲ့ မူဝါဒတွေ၊ ကုန်ခဲ့တဲ့ ၁ နှစ်အတွင်း အစိုးရရဲ့ ဆောင်ရွက်ချက်တွေ၊ ရှေ့ဆက်လုပ်မဲ့ ကိစ္စတွေ ကို အများပြည်သူသိရှိစေဖို့ ပြည်ထောင်စုလွှတ်တော်ကနေတဆင့် သမ္မတဦးသိန်းစိန်က ဒီကနေ့ မိန့်ခွန်း ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံရဲ့ အသွင်ကူပြောင်းမှုအပေါ်မှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ နားလည်မှု တွေကို မြင့်မားလာနေတဲ့အတွက် ဒီထက် ပိုပြီး ယုံကြည်မှုတွေကို ရရှိအောင် လုပ်သွားရမယ်ဆိုတာကို သမ္မတဦးသိန်းစိန်က မိန့်ခွန်းအစပိုင်းမှာ ပြောကြားကြောင်း
နိုင်ငံတော် စီမံကိန်းတွေမှာ တိုင်းရင်းသား လူငယ်တွေ ပါဝင်နိုင်ဖို့ ဆောင်ရွက်ရမယ်လို့ လဲ ဆိုကြောင်းလက်ရှိအစိုးရအဖွဲ့ထဲမှာ သဘောထားပျော့ပြောင်းသူ၊ သဘောထားတင်းမာသူရယ်လို့ မရှိပါဘူးဆိုတာကိုလဲ သမ္မတက ပြည်ထောင်စုလွှတ်တော်မှာ ပြောတဲ့မိန့်ခွန်းထဲမှာ ခုလို ထည့်သွင်း ပြောဆိုလိုက်ကြောင်းသိရှိရသည်။
လက်နက်ကိုင်သည့် တိုင်းရင်းသားများ ကွန်ပျူတာ လက်တော့ ကိုင်စေရမည်ဟု သမ္မတပြော
သေနတ်ကိုင်သည့် တိုင်းရင်းသားလူငယ်များ ကွန်ပျူတာ လက်တော့ Laptop များ ကိုင်ကာ နိုင်ငံအတွက် အလုပ်လုပ်ကြရန် ဖန်တီးပေးမည်ဟု သမ္မတ ဦးသိန်းစိန်၏ ကြာသပတေးနေ့ လွှတ်တော် မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားကြောင်း ထာဝရ ငြိမ်းချမ်းရေးကို ပရိယာယ်မရှိ လုပ်ဆောင်သွားမည်ဖြစ်ပြီး ပင်လုံစိတ်ဓာတ်ကို အခိုင်အမာ တည်ဆောက် သွားမည်ဟု ပါရှိသည့် သမ္မတ၏ မိန့်ခွန်းကို နိုင်ငံပိုင် ရုပ်မြင်သံကြားမှ နံနက် ၁ဝ နာရီမှစ၍ တိုက်ရိုက် ထုတ်လွှင့် သွားကြောင်း
ထာဝရငြိမ်းချမ်းရေးကို ပန်းတိုင်ရောက်အောင် သွားမည်ဖြစ်ပြီး တန်းတူညီတူရှိမှုတို့ကို ဆောင်ရွက်သွားမည်ဟုလည်း မိန့်ခွန်းတွင် ပါရှိသည်ပြင် တိုင်းရင်းသားများ၏ ခါးသီးသည့် အတွေ့အကြုံများကိုလည်း သူ၏ အစိုးရမှ အဆုံးသတ်ရန် အချိန်တန်ပြီ ဖြစ်သည်ဟု သမ္မတ က ပြောဆိုသွားကြောင်းသိရသည်။
ထာဝရငြိမ်းချမ်းရေးကို ပန်းတိုင်ရောက်အောင် သွားမည်ဖြစ်ပြီး တန်းတူညီတူရှိမှုတို့ကို ဆောင်ရွက်သွားမည်ဟုလည်း မိန့်ခွန်းတွင် ပါရှိသည်ပြင် တိုင်းရင်းသားများ၏ ခါးသီးသည့် အတွေ့အကြုံများကိုလည်း သူ၏ အစိုးရမှ အဆုံးသတ်ရန် အချိန်တန်ပြီ ဖြစ်သည်ဟု သမ္မတ က ပြောဆိုသွားကြောင်းသိရသည်။
ဝန်ထမ်းလစာတိုးရေး ၀န်ထမ်း မဟုတ်သောပြည်သူများကို ငဲ့ကွက်ရန်လိုဟု သမ္မတပြော
အစိုးရ၀န်ထမ်းများ လစာတိုးပေးရေး စဉ်းစားရာတွင် ယင်းလုပ်ရပ်၏ အကျိုးဆက်ကို ခံစားရမည့် အစိုးရ၀န်ထမ်း မဟုတ်သည့် ပြည်သူများအား ငဲ့ကွက်ရန် လိုအပ်ကြောင်း
သမ္မတက “ လစာတိုးလို့ ၀န်ထမ်း မဟုတ်တဲ့ ၅၈ သန်းသောပြည်သူတွေဟာ အဲဒီအကျိုးဆက်ကို ခံစားကြရမှာဖြစ်ပါတယ်။ အဲဒါတွေကို စဉ်စား ဆောင်ရွက်သင့်ပါတယ်” ဟု ပြောကြားကြောင်း
၎င်းကထပ်မံပြီး ယခုအချိန်တွင် မိမိတို့နိုင်ငံ၌ လူတန်းစားကွာဟမှု၊ ဆင်းရဲနွမ်းပါးမှုများ ကြီးကြီးမားမား ရှိနေသေးပြီး ပြည်သူတစ်ဦးချင်းဝင်ငွေများ နိမ့်ကျနေသေးကြောင်း၊ ယခုကဲ့သို့အချိန်တွင် ၀န်ထမ်းများအနေဖြင့် ကုန်ကျစားရိတ်နည်းအောင် စိတ်ရင်းစေတနာ အရင်းခံပြီး လုပ်ဆောင်ကြရန် ပြောကြားလိုကြောင်း
စီးပွားရေးတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခ ဦးမော်သန်းက “ လစာတိုးရင် ၀န်ထမ်းတွေက အကျိုးရှိမယ် ဆိုပေမယ့် အပြည့်အ၀တော့ မဟုတ်ဘူး။ ငွေကြေးဖောင်းပွမှုဒဏ်ကို သူတို့ပါပြန်ခံစားရမှာ။ ကျန်တဲ့ပြည်သူတွေ အကုန်လုံးကတော့ အကျိုးမရှိဘဲ အပြစ်ကိုချည်းပဲ အပြည့်အ၀ ခံစားရမယ့်သူတွေ ဖြစ်သွားမယ်” ဟု ပြောကြောင်း ၀န်ထမ်းများလစာ တိုးမြှင့်ရေးနှင့်ပတ်သတ်ပြီး ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကလည်း ၀န်ထမ်းများ လစာတိုးမြှင့်ပေးလိုပါက ငွေစက္ကူအသစ် ရိုက်နှိပ်ထုတ်ဝေရမည်ဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းက ၀န်ထမ်းများ လစာ တိုးမြှင့်ပေးသင့်သကဲ့သို့ ကုန်ဈေးနှုန်းများ လိုက်ပါမြင့်တက်ခြင်း မရှိအောင်လည်း အစိုးရအနေဖြင့် ဆောင်ရွက်သင့်ကြောင်း
ဝန်ထမ်းများ လစာတိုးမြှင့်ပေးရေးအတွက် ပြည်ထောင်စုလွှတ်တော်သို့ အဆိုတင်သွင်းခဲ့သည့် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကမူ ၀န်ထမ်းများ လစာတိုးရေးအား နောက်မဆုတ်ဘဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လက်ရှိတွင် ၀န်ထမ်းများအား လစာတိုးမြှင့်ပေးရေး အစီအစဉ်ကို ပြည်ထောင်စုလွှတ်တော်ရှိ ကိုယ်စားလှယ်အများစုက ထောက်ခံလျက်ရှိကြောင်း ၀န်ထမ်းများအား လစာတိုးမြှင့်ပေးရေး အစီအစဉ်ကို ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရမည့် အခြေအနေတွင် ရှိနေကြောင်း ရပ်ကျေးအုပ်ချုပ်ရေးဥပဒေ ပြင်ဆင်ချက်နှင့် ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်စဉ်က သမ္မတ၏ သဘောထားမှတ်ချက်ကို ထောက်ခံသူများဘက်မှ ရှုံးနိမ့်ခဲ့ဖူးကြောင်း
၁၉၈၈ ခုနှစ်နောက်ပိုင်း ငွေကြေးဖေါင်းပွမှုနှုန်း လျှင်မြန်စွာ မြင့်တက်လာသည့်နောက် ၀န်ထမ်းလစာ တိုးပေးခြင်း နှစ်ကြိမ်ရှိခဲ့ပြီး နောက်ဆုံးအကြိမ်တိုးမြှင့်ခြင်းမှာ၂၀၁၀ ခုနှစ် ဇန်န၀ါရီလကဖြစ်ကြောင်းသိရသည်။
အလွန်အကျွံ အကောင်းမြင်/အဆိုးမြင် မဖြစ်ဖို့ ဒေါ်စုပြော
မြန်မာပြည် အခြေအနေအား အကောင်းမြင်လွန်းခြင်း၊ အဆိုးမြင်လွန်းခြင်း မပြုဘဲ ပကတိ အခြေအနေအတိုင်း မြင်တတ်ဖို့လိုကြောင်း ကနေဒါ ရုပ်သံလွှင့်ဌာန CBC မှ စီစဉ်သည့် Carleton University နှင့် စကားပြောဆို ရုပ်သံဆွေးနွေးခန်းတခုတွင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့နေအိမ်မှ ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း
“တချို့ဟာ အခြေအနေကို နည်းနည်း အကောင်းမြင်လွန်းနေကြတယ်။ ကျမတို့ဟာ သတိရှိရှိနဲ့ အကောင်းမြင်ပါ တယ်။ အကောင်းမြင်လွန်းတာလည်း မဖြစ်ပါစေနဲ့။ အဆိုးမြင်လွန်းတာလည်း မဖြစ်ပါစေနဲ့။ အခြေအနေကို ပကတိအတိုင်း မြင်နိုင်ဖို့ ကြိုးစားပါ။ နောက်ပြီး မြန်မာပြည်က သာမန်ပြည်သူတွေနဲ့ ဆက်သွယ်မှုတွေ ဆက်ရှိနေအောင် ကြိုးစားပါ။ ဒါဟာ အစိုးရသစ်အောက်မှာ တိုးတက်မှုရှိမရှိကို လေ့လာနိုင်မှာမို့ပါ” ဟု ဒေါ်အောင်ဆန်းစုကြည် က အင်တာနက်မှ ပြောဆိုလိုက်ကြောင်း
ထို့အပြင်လက်ရှိပြုပြင်ပြောင်းလဲရေးများမှာ နောက်ကြောင်း ပြန်မသွားဘူးဟု ပြောရန်လည်း စောလွန်းနေသေး
ကြောင်း
“အဆုံးစွန်အာဏာ ရယူကျင့်သုံးမှုဟာ စစ်တပ်ထဲမှာ ရှိနေတုန်းပါ။ ဒါကြောင့်မို့ စစ်တပ်အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို လုံးလုံးလျားလျား လုပ်ဆောင်လာတဲ့ အချိန် မရောက်မချင်း ဂငယ်ကွေ့ ပြန်ကွေ့မယ့် အန္တရာယ် မရှိတော့တဲ့ အခြေအနေကို ကျမတို့ ရောက်နေပြီလို့ ပြောလို့ မရသေးပါဘူး။လူတော်တော်များများကဒီကဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာနောက်ပြန်မဆုတ်နိုင်တော့ဘူးလို့ စတင်ပြောဆိုနေကြပါတယ်။အဲလိုမဟုတ်သေးပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်ကသတိပေး ပြောဆိုသွားကြောင်း
CBC မှတဆင့် နိုင်ငံတကာ အစိုးရများနှင့် ပြည်သူများသို့ ရည်ရွယ်ပြောဆိုလိုက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ပြောကြားချက်များတွင် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများ အကြောင်းလည်း ထည့်သွင်း ပြောဆိုသွားကြောင်း တင်းကြပ်သည့် အရေးယူ ပိတ်ဆို့မှုများမှာ မြန်မာအစိုးရကို ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်လာအောင် တွန်းဆော်ရာမှာ အထောက်အပံ့ ဖြစ်စေပြီး အစိုးရကို ပြုပြင်ရေးတွေလုပ်ဖို့ တွန်းအားပေးနေကြောင်း
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတ၏ ပြုပြင်ပြောင်းလဲရေး သန္နိဋ္ဌာန်မှာ “စိတ်ရင်းအတိုင်း”ဖြစ်သည်ဟု ယုံကြည်သော်လည်း အောင်မြင်ရန်မှာမူ တပ်မတော်၏ သဘောထားရှိမှုအပေါ် မူတည်ကြောင်း“တချို့ဟာ အခြေအနေကို နည်းနည်း အကောင်းမြင်လွန်းနေကြတယ်။ ကျမတို့ဟာ သတိရှိရှိနဲ့ အကောင်းမြင်ပါ တယ်။ အကောင်းမြင်လွန်းတာလည်း မဖြစ်ပါစေနဲ့။ အဆိုးမြင်လွန်းတာလည်း မဖြစ်ပါစေနဲ့။ အခြေအနေကို ပကတိအတိုင်း မြင်နိုင်ဖို့ ကြိုးစားပါ။ နောက်ပြီး မြန်မာပြည်က သာမန်ပြည်သူတွေနဲ့ ဆက်သွယ်မှုတွေ ဆက်ရှိနေအောင် ကြိုးစားပါ။ ဒါဟာ အစိုးရသစ်အောက်မှာ တိုးတက်မှုရှိမရှိကို လေ့လာနိုင်မှာမို့ပါ” ဟု ဒေါ်အောင်ဆန်းစုကြည် က အင်တာနက်မှ ပြောဆိုလိုက်ကြောင်း
ထို့အပြင်လက်ရှိပြုပြင်ပြောင်းလဲရေးများမှာ နောက်ကြောင်း ပြန်မသွားဘူးဟု ပြောရန်လည်း စောလွန်းနေသေး
ကြောင်း
“အဆုံးစွန်အာဏာ ရယူကျင့်သုံးမှုဟာ စစ်တပ်ထဲမှာ ရှိနေတုန်းပါ။ ဒါကြောင့်မို့ စစ်တပ်အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို လုံးလုံးလျားလျား လုပ်ဆောင်လာတဲ့ အချိန် မရောက်မချင်း ဂငယ်ကွေ့ ပြန်ကွေ့မယ့် အန္တရာယ် မရှိတော့တဲ့ အခြေအနေကို ကျမတို့ ရောက်နေပြီလို့ ပြောလို့ မရသေးပါဘူး။လူတော်တော်များများကဒီကဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာနောက်ပြန်မဆုတ်နိုင်တော့ဘူးလို့ စတင်ပြောဆိုနေကြပါတယ်။အဲလိုမဟုတ်သေးပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်ကသတိပေး ပြောဆိုသွားကြောင်း
CBC မှတဆင့် နိုင်ငံတကာ အစိုးရများနှင့် ပြည်သူများသို့ ရည်ရွယ်ပြောဆိုလိုက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ပြောကြားချက်များတွင် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများ အကြောင်းလည်း ထည့်သွင်း ပြောဆိုသွားကြောင်း တင်းကြပ်သည့် အရေးယူ ပိတ်ဆို့မှုများမှာ မြန်မာအစိုးရကို ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်လာအောင် တွန်းဆော်ရာမှာ အထောက်အပံ့ ဖြစ်စေပြီး အစိုးရကို ပြုပြင်ရေးတွေလုပ်ဖို့ တွန်းအားပေးနေကြောင်း
တပ်မတော်နှင့် ပြည်သူအကြားတွင် “အဟန့်အတားကြီး”တခု တည်ရှိနေဆဲဖြစ်ပြီး ဒါကို ကျော်လွှားနိုင်ခြင်းဟာ
ပြောင်းလဲရေး လမ်းကြောင်းပေါ်မှ အဓိကကျသည့် ခြေလှမ်းတရပ် ဖြစ်ကြောင်း
“ကျမတို့ဟာ လမ်းအစမှာပဲ ရှိပါသေးတယ်။ ကျမတို့ ပြည်သူတွေနဲ့ ပြန်လည် ဆက်သွယ်ထားနိုင်ပါပြီ” ဟု ပြောကြောင်း ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ် ၄၈ နေရာလုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိသည်ဖြစ်စေ လွှတ်တော်အတွင်း၌ နေရာအနည်းစုလေးမျှသာ ရရှိမည်ဖြစ်သော်လည်း မည်သည့် အောင်မြင် မှုမဆို ပြည်သူ၏အသံများ ကြားနိုင်ဖို့အတွက် အစပြုမှုဖြစ်ကြောင်း
ကနေဒါနိုင်ငံအနေဖြင့် မြန်မာအစိုးရနှင့် ၂၀၁၁ ခုနှစ် နွေရာသီတွင် သံအမတ် ခန့်အပ်ခြင်း အပါအဝင် မဟာဗျူဟာ ကျသည့် ဆက်ဆံရေးများ ပြုလုပ်လာသော်လည်း တင်းကျပ်သည့် အရေးယူပိတ်ဆို့မှုများကိုမူ ဆက်လက် ထားရှိဆဲဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ် စည်းရုံးရေး ခရီးထွက်
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ရှမ်းပြည်နယ်သို့ ယနေ့ ထွက်ခွာရာ ဟဲဟိုးမြို့ နံနက် ၈ နာရီခွဲခန့်က ရောက်ရှိသွားသည်။ အောင်ပန်း၊ ကလောမြို့များသို့လည်း သွားရောက်မည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရန် တောင်ကြီး၊ ဟဲဟိုး၊ ညောင်ရွှေ၊ ရွှေညောင်၊ ရပ်စောက်၊ ရွာငံ၊ ဘော်ဆိုင်း စသည့်ဒေသများမှ လူထုသည် ယမန်နေ့ကတည်းက ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း၊ ရပ်ဝေးမှလာရောက်မည့် သူများအတွက် ဒေသခံများက ကောက်ညှင်းပေါင်း၊ထမင်း၊ သောက်ရေသန့် များကို ပြင်ဆင်ထားကြောင်း သိရသည်။ဇိုမီးပါတီ မှတ်ပုံပြန်တင်မည်
တပ်မတော် ထိုးစစ်ကြောင့် KIA က ဒေသခံများအား ရွာပြောင်းရွှေ့ခိုင်း
ဟိုပင်မြို့မှ ဖားကန့်မြို့နယ် ကားလမ်းမကြီးရှိ ခွေခါကျေးရွာအုပ်စုတွင် မြန်မာအစိုးရတပ်မတော်မှ စစ်ကြောင်း ထိုးစစ်ဆင်လာမှုကြောင့် KIA ကချင်လွတ်မြောက်ရေးအဖွဲ့မှ ၎င်း ဒေသခံများအား ရွာပြောင်းရွှေ့ခိုင်းကြောင်း“ KIAက ပြောင်းဖို့ ပြောလာတာပါ။ နှစ်ဖက်တွေ့ရင်တော့ စစ်ဖြစ်မှာပဲ။ စစ်ဖြစ်ရင် ရွာကလူတွေ ကြားခံဖြစ်မှာစိုးလို့ ဖယ်ခိုင်းတာပါ။” ဟု ခွေခါဒေသခံတစ်ဦးက ဆိုကြောင်း
KIA တပ်မဟာ (၂) လက်အောက်ရှိ တပ်ရင်း (၂၆) အခြေစိုက် ခွေခါကျေးရွာအုပ်စုတွင် အစိုးရတပ်မတော်က ထိုးစစ်ဆင်လာသည်မှာ ခွေလုံကျေးရွာတွင် ရောက်ရှိနေပြီဖြစ်ကြောင်းထို့ကြောင့် တောင်ခြေကျေးရွာရှိ ဒေသခံများ ခွေခါနှစ်ခြင်းဘုရားကျောင်း၊ ညောင်ပင်ကျေးရွာ ဘုန်ကြီးကျောင်းများသို့ ပြောင်းရွှေ့ခိုလှုံနေသည်။ဘုရားကျောင်းတွင် ဒေသခံ အယောက် (၁၀၀)ခန့် ရောက်ရှိနေပြီဖြစ်ပြီး ဆက်လက်ပြောင်းရွှေ့နေဆဲဖြစ်ကြောင်း
“ ဘုရားကျောင်းမှာက လုံခြုံမှုရှိမယ်ထင်တယ်။ အခုကျမတို့နေတဲ့နေရာမှာက ကုမ္ပဏီလုပ်ကွက်တွေလည်း အများကြီးရှိတယ် ဘာမှတော့ မလိုဘူးလို့တော့ထင်တယ်။ ဒါမယ့် စိတ်ပူတာက ကလေးတွေက ဝက်သက်ပေါက်နေကြတော့ နေမကောင်းတာ အများကြီးပဲ” ဟု သူမ ဆက်ပြောကြောင်း
မြန်မာအစိုးရ တပ်မတော်သည် KIA တပ်အခြေစိုက် ကျေးရွာနှင့် မိုင် ၂၀ခန့်တွင် ရောက်ရှိနေကြောင်း ကချင်ပြည်နယ် ဆင်ဘိုမြို့တွင်လည်း ယနေ့မနက် ၈နာရီခန့်၌ မြန်မာစစ်တပ်မတော်နှင့် KIA တပ်ရင်း (၅) နှစ်ဖက်ကြား တိုက်ပွဲများ ဖြစ်နေကြောင်း
“မြန်မာအစိုးရတပ်မတော်မှ တပ်ရင်း (၃) ရင်းနှင့် KIAကို ဝိုင်းထားပြီး တိုက်နေတယ်” ဟု ဆင်ဘိုဒေသခံတစ်ဦးက ဆိုကြောင်း
ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့မှလည်း ယနေ့နေ့လည် မွန်းလွဲ ၂နာရီခန့်တွင် နှစ်ဖက်ကြား ငြိမ်းချမ်းရေးကို ဆက်လက် ဆွေးနွေးသွားရန် မတ်လ ၆ ရက်နေ့မှ ၁၀ ရက်နေ့ကြား ပြုလုပ်ရန် ရက် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ကြိုတင်မဲကိစ္စ ရှင်းလင်းသော ထုတ်ပြန်ချက် မရှိသေး
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြိုတင်မဲနှင့် ပတ်သက်ပြီး ရှင်းလင်းတိကျသော ထုတ်ပြန်ချက်များမရှိသေးကြောင်း ရန်ကုန် တိုင်း လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ စောနိုင်က ပြောကြောင်းလာမည့် ဧပြီ ၁ ရက်နေ့ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင်၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ ကြိုတင်မဲများ ကောက်ခံ အနိုင်ယူ သည့် နည်းလမ်းအသုံးပြုမည့် အရိပ်အရောင်များ တွေ့မြင်နေရကြောင်း
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများတွင် ကြိုတင်မဲပေးနိုင်သည်များမှာ နာမကျန်းဖြစ်နေသူများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊မဲဆန္ဒနယ်ပြင်ပ၌ တာဝန်ထမ်းနေသော နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ခရီးသွားမည့် သူများ အပါအ၀င် အမျိုးအစားခုနစ်မျိုး အကျုံးဝင်သည်ဟု ဥပဒေတွင် တရားဝင် ပြဋ္ဌာန်းထားကြောင်း၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့ရာ နိုဝင်ဘာ ၆ ရက်နေ့ ညပိုင်း ၉ နာရီကျော်သည်အထိ တောင် ဥက္ကလာ ပ ရပ်ကွက် ကော်မရှင်ရုံးများတွင် ကြိုတင်မဲများ ကောက်ခံခဲ့ကြောင်း၊ တချို့ရပ်ကွက်များတွင် ကြိုတင်မဲ အရေအတွက်သည် မဲပေးနိုင်သောလူဦးရေ၏၂၀ ရာခိုင်နှုန်းထက် ကျော်သွားသည်ကို တွေ့ရှိရကြောင်း၊ ကြိုတင်မဲများ မှန်မှန်ကန်ကန် ဖြစ်စေရေး သည် ရွေးကောက်ပွဲ တရားမျှတရေး အတွက် အလွန်အရေးကြီးကြောင်း
“ကြိုတင်မဲကို ဘယ်နေ့ကနေ ဘယ်နေ့ ဘယ်အချိန်အထိ နောက်ဆုံးပေးနိုင်မလဲ ဆိုတာ တရားဝင်ထုတ် ပြန်ရမယ်။ ကြိုတင်မဲ အများဆုံးပေးနိုင်မယ့် ရာခိုင်နှုန်းကိုသတ်မှတ်ပေးရမယ်။ ၇ ရက်နေ့ လုပ်မယ့် ရွေးကောက်ပွဲအတွက် ၆ ရက်နေ့ည သန်းခေါင်ယံ အထိ ကြိုတင်မဲလက်ခံတယ်ဆိုတာက ဘယ်လိုမှ လက်ခံလို့မရဘူး”ဟု ၎င်းက ပြောကြောင်း
ဒေါက်တာ စောနိုင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပ မြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေမှ တသီးပုဂ္ဂလ ကိုယ်စားလှယ်အနေနှင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။
ရွေးကောက်ပွဲအပြီး မဲရေတွက်စဉ်က ဒေါက်တာ စောနိုင် အနိုင်ရရှိသော်လည်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်က အနိုင်၊ အရှုံး ရလဒ်ကြေညာချိန်၌ ရှုံးနိမ့်ကြောင်းကြေညာခဲ့ရာ ပြိုင်ဘက် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ)မှ ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်မိုးက အနိုင်ရရှိခဲ့သည့် အငြင်းပွားဖွယ်ဖြစ်ရပ် ရှိခဲ့သည်။
ထိုအငြင်းပွားဖွယ် ဖြစ်ရပ်ကို မဲလိမ်မှု၊ မဲမသမာမှု အနေနှင့် ဒေါက်တာ စောနိုင်က ပြည်ပ မီဒီယာများမှတဆင့် အများပြည်သူ သိရှိနိုင်ရန် ထုတ်ဖော် ပြောဆိုခဲ့သည်။
ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုကမူ ကြိုတင်မဲများကို ရွေးကောက်ပွဲကျင်းပမည့် အချိန် နှစ်ရက်အလို အထိကောက်ခံမည်ဖြစ်ပြီး ကြိုတင်မဲကောက်ခံသည့်လုပ်ငန်းများကို နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ စောင့်ကြည့်ခွင့် မရှိကြောင်း ဖေဖော်ဝါရီ၂၄ ရက်ထုတ် ဂလိုဘယ်ပို့စ် သတင်းဂျာနယ်နှင့်တွေ့ဆုံခန်းတွင် ပြောဆို ထားသည်။ယင်းတွေ့ဆုံခန်းတွင်ပင် ဦးကိုကိုက၂၀၁၀ ရွေးကောက်ပွဲ၌ မဲမသမာမှုရှိသည်ဆိုသော တိုင်ကြားချက်များသည် သတင်းမှားများအပေါ် အခြေခံထားကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် လောင်းများသည် မဲရုံကိုယ်စားလှယ်ခန့်အပ်ရာတွင် နားလည်တတ်ကျွမ်း သူများကို ခန့်ထားသင့်ကြောင်း ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ရှုံးနိမ်ခဲ့သူ နိုင်ငံရေးပါတီတခုမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတဦးကမူ မဲရုံတွင် မဲရေတွက်ပြီးသည်နှင့် အများပြည်သူကို ထုတ်ပြန်ပြောဆိုပြီး ရလဒ်ကို သက်ဆိုင်ရာမဲရုံတွင် တရားဝင်ကပ်ထားသင့်သည်ဟု အကြံပြုပြော ဆို သည်။
“၂၀၁၀ တုန်းက ရပ်ကွက်မဲရုံတွေမှာ ရေတွက်ပြီး မဲတွေကိုမြို့နယ်မှာ ပြန်ရေတယ်၊ ပြန်ပြင်တယ်။ နိုင်တဲ့သူက ရှုံး၊ ရှုံးတဲ့သူက နိုင်။ ဘယ်ကမှန်း မသိတဲ့ ကြိုတင်မဲတွေ ရောက်လာတာတွေ ဖြစ်ကုန် တယ်”ဟုလည်း ပြောသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။ မဲလိမ်မှု၊ မဲမသမာမှုများရှိပြီး ကြိုတင်မဲများနှင့် အနိုင်ယူခဲ့သော ရွေးကောက်ပွဲ ဖြစ်သည်ဟု ပြည်တွင်း နိုင်ငံရေး ပါတီများနှင့် ရှုံးနိမ်ခဲ့ရသော လွှတ်တော် ကိုယ်စားလှယ်လောင်း အများစုက ထုတ်ဖော် ပြောဆိုခဲ့ကြသည်။
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment