အာရှ ဖွံ့ဖြိုးရေးဘဏ်၏ မြန်မာ့စီးပွားရေး သုံးသပ်ချက်
by ခင်မောင်ညို (ဘောဂဗေဒ)
စီးပွားရေး စွမ်းဆောင်မှု
၂ဝ၁၂ ခုနှစ်၊ မတ်လ ၃၁ ရက် တွင် ကုန်ဆုံးသော ၂ဝ၁၁ ဘဏ္ဍာရေး နှစ်တွင် ဂျီဒီပီ ၅.၅%ခန့်အထိ တိုး တက်သည်ဟု ခန့်မှန်းသည်။ ယခင် လေးနှစ် ပျမ်းမျှ ၄.၉%သာ တိုးတက် ခဲ့သည်။ အဓိကအားဖြင့် ရေအားလျှပ် စစ်၊ သဘာဝဓာတ်ငွေ့နှင့် ရေနံထုတ် လုပ်ရေးတို့တွင် ရင်းနှီးမြှုပ်နှံမှုများ ကြောင့် ယခုကဲ့သို့ တိုးတက်ရခြင်း ဖြစ်သည်။ ရေလွှမ်းမိုးခြင်း၊ ပို့ကုန် လုပ်ငန်းများကို ထိခိုက်စေသော မြန်မာ ကျပ်ငွေတန်ဖိုးတက်ခြင်းတို့ကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် အား နည်းနေဆဲဖြစ်သည်။
၂ဝ၁ဝ ခုနှစ်နိုဝင်ဘာလတွင် ရွေး ကောက်ပွဲများ ကျင်းပခဲ့ပြီးနောက် နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်တွင် ကနဦးပြုပြင်ပြောင်းလဲမှုများကြောင့်၊ ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှု ၂၆ ရာခိုင်နှုန်းတက်လာခဲ့သည်။
ပြင်ပဈေးကွက်တွင် မြန်မာကျပ် ငွေ လဲလှယ်နှုန်းသည် ၂ဝ၁၁ ခုနှစ် တွင် တစ်ဒေါ်လာကျပ် ၈ဝဝ နှုန်းအထိ တက်လာခဲ့သည်။
ထိုကဲ့သို့ မြန်မာငွေတန်ဖိုး တက် လာခြင်းမှာ အဓိကအားဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကြောင့်ဖြစ်သည်။ (တရားဝင်ငွေလဲနှုန်းကို ၂ဝ၁၁ ဘဏ္ဍာ ရေးနှစ်တွင် တစ်ဒေါ်လာကျပ် ၅.၄ဝ ကျပ်နှင့်သာ ဆက်နွှယ်သတ်မှတ်ထား ဆဲဖြစ်သည်။
ငွေလဲလှယ်နှုန်းမြင့်မားသွားခြင်း ရလဒ်တစ်ခုမှာ ပြည်တွင်းဈေးကွက်၌ ပိုလျှံနေပြီး ဈေးနှုန်းကျနေသော ဆန် စပါး ပို့ကုန်ကိုလျော့ကျစေသည်။ ထို့ ကြောင့် ယခင်နှစ်က ၇.၃ ရာခိုင်နှုန်းရှိ နေသော ငွေဖောင်းပွမှုနှုန်းကို ၂ဝ၁၁ ဘဏ္ဍာနှစ်တွင် ပျမ်းမျှခြင်းအားဖြင့် ၄.၃ ရာခိုင်နှုန်းသို့ ကျဆင်းသွားစေ ခဲ့သည်။
သဘာဝဓာတ်ငွေ့တင်ပို့မှု ၁၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ရာ ဒေါ်လာ ၃ ဘီလီယံခန့်အထိ ဖြစ်လာခဲ့သည်။ သို့သော် ၂ဝ၁၁ ဘဏ္ဍာရေးနှစ်တွင် နှစ်ဆတက်သွားခဲ့သော ကျောက်မျက် နှင့် ကျောက်စိမ်းတင်ပို့မှုသည် ကျဆင်း မည့်အလားအလာရှိသည်။ အထူး သဖြင့် ဆောက်လုပ်ရေးပစ္စည်းနှင့် စက်ပစ္စည်းများ တင်သွင်းမှုကြောင့် သွင်းကုန်တင်သွင်းမှုမြင့်မားပြီး ကုန် သွယ်ရေးလိုငွေသည် ၂ဝ၁ဝ ဘဏ္ဍာ ရေးနှစ်တွင် ဂျီဒီပီ၏ ဝ.၉ ရာခိုင်နှုန်း ရှိရာမှ ၂ဝ၁၁ခုနှစ်တွင် ၂.၇ ရာခိုင်နှုန်း သို့ တက်လာခဲ့သည်။
၂ဝ၁၁ ဘဏ္ဍာရေးနှစ်တွင် စွမ်း အင်နှင့် ရေအားလျှပ်စစ်ကဏ္ဍ၌ နိုင်ငံ ခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂.၈ ဘီလီယံခန့်အထိ တိုးလာခြင်း ကြောင့် နိုင်ငံတကာသီးသန့်ရန်ပုံငွေ သည် ၂ဝ၁၂ ခုနှစ် မတ်လတွင် ဒေါ်လာ ၈ ဘီလီယံခန့်အထိ တိုးလာ ခဲ့သည်။ ထိုပမာဏသည် နိုင်ငံခြား သွင်းကုန် ၉.၄ လစာရှိသည်။ အခြား လုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုသည် ဝင်ရောက်ရန်ခက်ခဲခြင်းနှင့် စီးပွားရေးဝန်းကျင်အားနည်းခြင်းတို့ ကြောင့် ထူးခြားမှုမရှိပေ။ ပြည်ပကြွေးမြီဒေါ်လာ ၁၁ ဘီလီယံခန့်ရှိမည်ဟု ခန့်မှန်းရာ တစ်ဝက်ခန့်မှာ ပြန်ဆပ်ရ မည့် အရင်းနှင့်အတိုးတွေဖြစ်သည်။
ဗဟိုအစိုးရနှင့် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများပါဝင်သော စုပေါင်းဘတ် ဂျက်လိုငွေသည် ၂ဝ၁၁ ခုနှစ် ဘဏ္ဍာ ရေးနှစ်တွင် တိုင်းပြည်ဝင်ငွေ၏ ၅.၅ ရာခိုင်နှုန်းရှိသည်။ အခွန်စနစ်အား စည်းကြပ်၍ စိုက်ပျိုးရေးပို့ကုန်များကို ထောက်ပံ့ရန် အခွန်လျှော့ချခြင်းတို့ ကြောင့် အခွန်အကောက်မှ ရငွေနိမ့်ကျ နေဆဲဖြစ်သည်။ နေပြည်တော် မြို့သစ် ဆောက်လုပ်ရေးလုပ်ငန်းအချို့ကို ရပ် ဆိုင်းသဖြင့် အစိုးရအသုံးစရိတ်တိုးပွား မလာစေရန် ထိန်းချုပ်နိုင်သည်။ ချေး ငွေအပေါ် ကောက်ခံသောအတိုးနှုန်းကို ၁၇ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းသို့ ဆပ် ငွေများအပေါ်ပေးသော အတိုးနှုန်းကို ၁၂ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းသို့ ၂ဝ၁၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ချပေး သည်။ ဘဏ်များအနေဖြင့် အပ်ငွေ အပေါ်ပေးသော အတိုးနှုန်းကို အတိုင်း အတာတစ်ခု လုပ်သာကိုင်သာရှိသူ၊ ငွေတိုက်စာချုပ်များအတွက်ပေးသော အတိုးနှုန်းသည် ဘဏ်များကို ဆွဲ ဆောင်နိုင်သော ရင်းနှီးမြှုပ်နှံမှုနည်း လမ်းတစ်ခုဖြစ်လာသဖြင့် ၂ဝ၁၂ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာရေးလိုငွေ ကို ဗဟိုဘဏ်က ငွေစက္ကူရိုက်နှိပ်ဖြည့် တင်းရသည်။ ပမာဏကို လျော့ကျစေ ခဲ့သည်။
စီးပွားရေး အလားအလာ
၂ဝ၁၁ခုနှစ်တွင် တက်လာခဲ့သော အစိုးရသည် နှစ်ပေါင်း၅ဝခန့် တန့်နေ သော စီးပွားရေးအဆောက်အအုံကို ပြန်လည်ရှင်သန်အောင် လုပ်ဆောင်ရန်၊ အခွင့်အရေးရခဲ့သည်။ ကနဦးခြေလှမ်း ကောင်းများအဖြစ် ငွေလဲလှယ်နှုန်း တစ်ခုတည်းဖြစ်စေရန် ဆောင်ရွက် ခြင်း၊ အမျိုးသားဖွံ့ဖြိုးရေးစီမံကိန်းသစ် ရေးဆွဲခြင်းအပါအဝင် အခြားသော ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။
၂ဝ၁၂ ခုနှစ် ဧပြီ ၁ ရက်တွင် ရည်ညွှန်းကိုးကားရာ တစ်ဒေါ်လာလျှင် မြန်မာငွေ ၈၁၈ ကျပ်နှုန်း သတ်မှတ် သော၊ ထိန်းကျောင်းနှုန်း၌ ဖလှယ်နှုန်း စနစ်သစ်ကို စတင်အကောင်အထည် ဖော်ခဲ့သည်။ အစိုးရက ဘဏ်အချင်း ချင်း တရားဝင်အရောင်းအဝယ်လုပ်နိုင် သည့် ဈေးကွက်တစ်ခုတည်ထောင်ရန် နှင့် နိုင်ငံတကာငွေပေးငွေယူနှင့် လွှဲ ပြောင်းမှုများ သာမန်စာရင်းတွင်ရှိနေ သော ထိန်းချုပ်မှုများကို လျော့ကျရန် စီစဉ်သည်။ ၂ဝ၁၂ ခုနှစ် ဘဏ္ဍာရေး မူဝါဒအရ ဂျီဒီပီ၏ ၄.၆ ရာခိုင်နှုန်းနှင့် ညီမျှသော အတန်အသင့်ရှိသည့် ဘတ် ဂျက်လိုငွေဖြစ်ပေါ်စေရန် လျာထား သတ်မှတ်သည်။
ပြုပြင်ပြောင်းလဲရန် အစီအစဉ် များထဲတွင်၊ လယ်သမားများအား ¤င်း တို့၏ မြေယာကို ပိုင်ဆိုင်၊ ရောင်းချ ပေါင်နှံခွင့်ပြုသော မြေယာဥပဒေ လည်း ပါဝင်သည်။ လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများအတွက် ပေးသောချေး ငွေသည် ပြည့်စုံလုံလောက်မှုမရှိသေး ပေ။ ၂နှစ်အတွင်း ချေးငွေကို နှစ်ဆစီ၊ နှစ်ဆစီတိုးပေးခဲ့သော်လည်း လုံ လောက်ခြင်းမရှိသေးပေ။ လယ်သမား များအား အသေးစားချေးငွေများ ထုတ်ချေးနိုင်ရန်အတွက် အသေးစား ချေးငွေဥပဒေကို ၂ဝ၁၁ ခုနှစ် နိုဝင် ဘာလတွင် ပြဋ္ဌာန်းခဲ့သည်။
အစိုးရသည် ရင်းနှီးမြှုပ်နှံသူများ အား အခွန်သက်သာခွင့်ပေးပြီး ပုဂ္ဂလိကပိုင် မြေယာများကို ငှားရမ်း ခွင့်ပြု၍ ရင်းနှီးမြှုပ်နှံရာမှ ရရှိသော အကျိုးအမြတ်ကို ဈေးကွက်ဖလှယ်နှုန်း အပေါ် လဲလှယ်၍ပြန်လည်ယူဆောင် သွားနိုင်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တစ်ခု ပြဋ္ဌာန်းရန် ပြင်ဆင် ပြင်ဆင်လျက်ရှိသည်။ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ထားဝယ်၊ ရန်ကုန် အနီးတွင် သီလဝါ၊ အနောက်ဘက် ကမ်းရိုးတန်းတွင် ကျောက်ဖြူတို့က နိုင်ငံခြားလုပ်ငန်းများကို ဆွဲဆောင်ရန် အထူးစီးပွားရေးဇုန်များ တည်ဆောက် မည်ဖြစ်သည်။
ပတ်ဝန်းကျင်ကို ထိခိုက်မည်စိုး၍ ယခင်နှစ်က မြစ်ဆုံစီမံကိန်းကို ရပ် တန့်ရန် ညွှန်ကြားခဲ့သော်လည်း အခြား ရေအားလျှပ်စစ်နှင့် ကျောက်မီးသွေး သုံး ဓာတ်အားပေးစက်ရုံများ၊ ဓာတ် ငွေ့များ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာနေသည်ကို တွေ့ရသည်။
ယခုအခါဆောက်လုပ်ဆဲဖြစ်သော တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချမည့် ရွှေနှင့် ဇောတိက သဘာဝ ဓာတ်ငွေ့စီမံကိန်းနှင့် ပိုက် လိုင်းလုပ်ငန်းများအပြီးသတ်သည့်အခါ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုနှင့် တင်ပို့ ရောင်းချမှု သိသိသာသာတိုးပွားသွား စေနိုင်သည်။ သို့သော် သွင်းကုန်များ ကို အစိုးရသတ်မှတ်သောဈေးနှုန်းဖြင့် လဲလှယ်သည့်စနစ်ကြောင့် နှစ်ပေါင်း များစွာ အကျိုးရှိခဲ့ခြင်းကို ဧပြီ ၁ ရက် တွင် ဖျက်သိမ်းခဲ့ပြီး ဈေးကွက်က သတ်မှတ်သော လဲလှယ်နှုန်းကို အသုံး ပြုလာ၍ နိုင်ငံပိုင်လုပ်ငန်းများ ဆက် လက်ရပ်တည်ရန် ခက်ခဲနိုင်သည်။
၂ဝ၁၂ ဘဏ္ဍာနှစ်တွင် ဂျီဒီပီ သည် ၆ ရာခိုင်နှုန်း၊ ၂ဝ၁၃ ဘဏ္ဍာ နှစ်တွင် ၆.၃ ရာခိုင်နှုန်းတိုးတက်၍ ငွေဖောင်းပွမှုနှုန်း ၆ ရာခိုင်နှုန်းအထက် သို့တက်သွားနိုင်သည်ဟု ခန့်မှန်းသည်။ အစိုးရက လျှပ်စစ်ဓာတ်အားကို ၂ဝ၁၂ ခုနှစ်နောက်ပိုင်းတွင်လည်းကောင်း၊ ဓာတ်ဆီဈေးနှုန်းကို ၂ဝ၁၂ ခုနှစ်တွင် လည်းကောင်း မြှင့်တင်ခဲ့သည်။ လယ် သမားများကို အကူအညီပေးရန်ရည် ရွယ်ချက်ဖြင့် ဆန်ဈေးနှုန်းမြှင့်၍ ဝယ် ယူသည့်စနစ်ကြောင့် ဆန်လက်လီဈေး နှုန်းကို တက်စေနိုင်သည်။
နိုင်ငံခြားငွေလဲလှယ်မှုအပေါ် ထိန်းချုပ်မှုမှာ လျော့ကျခြင်းကြောင့် သွင်းကုန်များပိုမိုတင်သွင်းကာ သာမန် လိုငွေ ပို၍ကြီးမားသွားစေနိုင်သည်။
မြန်မာနိုင်ငံအပေါ် စက်မှုနိုင်ငံများ က ချမှတ်ထားသော စီးပွားရေးပိတ် ဆို့မှုများ ဖြေလျော့ပေးခြင်းကြောင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာနိုင်သည်။ ဤနိုင်ငံများနှင့် နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းများ က အကူအညီများ ပြန်လည်ပေးအပ် ခြင်း၊ အတိုးနှုန်းသက်သာစွာ ချေးငွေ ပေးခြင်းတို့ကြောင့်လည်း ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာ နိုင်သည်။
မူဝါဒရေးရာ စိန်ခေါ်မှုများ
ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာစေရန်၊ တံခါးဖွင့်ပေးသည့် အခါ နိုင်ငံအဆင့် စီးပွားရေးတည်ငြိမ် မှုရရှိစေရန်၊ ထိန်းသိမ်းရေးသည် အဓိကစိန်ခေါ်မှုဖြစ်သည်။
စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှု နိမ့်ကျသဖြင့် မူဝါဒပြုပြင်ပြောင်းလဲမှု လုပ်စရာတွေ များပြားလှသည်။ တစ်ဦးကျဝင်ငွေ(၇၁၅) ဒေါ်လာသည် အရှေ့တောင်အာရှတွင် အနိမ့်ဆုံးဖြစ် သည်။ လူဦးရေသန်း ၆ဝ အနက် ၂၅ ရာခိုင်နှုန်းသည် ဆင်းရဲသည်။ ကုလ သမဂ္ဂလူသားဖွံ့ဖြိုးရေးစီမံကိန်းအရ နိုင်ငံ ၁၈၇ နိုင်ငံတွင် မြန်မာနိုင်ငံ သည် အမှတ်စဉ် ၁၄၉ ၌ရောက်နေပြီး အောက်ဆုံးနား၌ရှိသည်။ မိမိ၏ အလားအလာကောင်းကို အပြည့်အဝ ရရှိနိုင်ရန်အတွက် မြန်မာနိုင်ငံသည် ဘက်ပေါင်းစုံက ရှေ့လျှောက် အချိတ် အဆက်မိသော ပြုပြင်ပြောင်းလဲရေး အစီအစဉ်တစ်ရပ်လိုအပ်သည်။
ပြည်သူ့ရေးရာအဖွဲ့အစည်းများ၊ ဘဏ္ဍာရေးစနစ်နှင့် လုပ်သားများ၏ ကျွမ်းကျင်မှုမြင့်မားရေးတို့၌ အဓိက အာရုံစိုက်လုပ်ဆောင်ရမည့် ကိစ္စများ ဖြစ်သည်။ ပုဂ္ဂလိကက ဖွံ့ဖြိုးတိုးတက် ရေးသည် ကျယ်ကျယ်ပြန့်ပြန့်ပါဝင်နိုင် ရန် စီမံပေးခြင်းရော ဥပဒေစည်းမျဉ်း စည်းကမ်းနှင့် မူဝါဒရေးရာတို့ကို အဆင့်မြှင့်တင်မှုတို့အပေါ်၌ မူတည် သည်။
လူဦးရေ၏ ၇၅ ရာခိုင်နှုန်းသည် လျှပ်စစ်ဓာတ်အားရရှိခြင်းမရှိရာ အခြေ ခံ အဆောက်အအုံများကိုချဲ့ထွင်ရန် အတွက် ဘဏ္ဍာရေးအရင်းအမြစ်လုံလုံ လောက်လောက်ရရှိရန် အရေးကြီး သည်။ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖူလုံရေးတို့အတွက်လည်း ငွေကြေး အလုံအလောက်ရှိရန် လိုအပ်သည်။ ရှင်းရှင်းလင်းလင်းလွယ်လွယ်ကူကူ၊ ကျယ်ကျယ်ပြန့်ပြန့်ရှိပြီး သွယ်ဝိုက်ခွန် ထက် တိုက်ရိုက်ခွန်ကို အလေးပေး သော စနစ်သည် ငွေကြေးအရင်းအမြစ် များကို တိုးပွားစေကာ ဆင်းရဲသားများ အပေါ်တရားမျှတမှု ပို၍ရှိစေနိုင်သည်။
အိမ်နီးချင်းနိုင်ငံများနှင့် ပိုမို၍ နီးကပ်မှုရှိစေရန် သယ်ယူပို့ဆောင်ရေး ကွန်ရက်များချဲ့ထွင်ခြင်းသည် စီးပွား ရေးလုပ်ငန်းရှင်များအနေဖြင့် အရှေ့ အာရှ၊ အရှေ့တောင်အာရှတို့၌သာမက ကမ္ဘာ့ထုတ်လုပ်မှုကွင်းဆက်နှင့်ပါ ချိတ်ဆက်မိစေနိုင်သည်။
တခုတည်းသောနိုင်ငံခြားငွေလဲ လှယ်နှုန်းစနစ်သည် နိုင်ငံစီးပွားရေးကို လွှမ်းမိုးလာသော နိုင်ငံပိုင်လုပ်ငန်းများ ၏ စွမ်းရည်ညံ့ဖျင်းမှုများ၊ အရှုံးပြမှု များကို ဖော်ထုတ်ပေးခြင်း၊ အချို့ နိုင်ငံ ပိုင်လုပ်ငန်းများကို ပိတ်ပင်ခြင်း၊ အချို့ လုပ်ငန်းများကို ပုဂ္ဂလိကသို့လွှဲပြောင်း ပေးခြင်း အပါအဝင် နိုင်ငံပိုင်လုပ်ငန်း များသည် စီးပွားရေးဆန်ဆန်ဆောင် ရွက်နိုင်ရေးအတွက် ပြုပြင်ပြောင်းလဲ မှုများပြုလုပ်ရန် လိုအပ်သည်။ နိုင်ငံ ပိုင်လုပ်ငန်းများက ဈေးနှုန်းမြှင့်တင် ခြင်းနှင့် အလုပ်သမားများထုတ်ပယ်ရ ခြင်းတို့ကြောင့် ဆင်းရဲသားများ ဒုက္ခ မရောက်စေရန် မြင်သာထင်သာရှိသော ထောက်ပံ့ကြေးပေးသည့်စနစ်ကို ယာယီချမှတ်ကျင့်သုံးရန်လိုသည်။
ရောင်းဝယ်ဘဏ်လုပ်ငန်းများမှ ချေးငွေရရှိရေးအတွက် ချေးငွေနှင့် အရင်းအချိုးများသတ်မှတ်ထားခြင်း၊ အပေါင်ပစ္စည်းတင်ရခြင်းတို့ကို အဆင့် ဆင့် ဖျက်သိမ်းရမည်။
ဗဟိုဘဏ်ကို အဆင့်မြှင့်တင်ရာ တွင် လွတ်လွတ်လပ်လပ်လုပ်ငန်းလည် ပတ်နိုင်ခြင်း၊ ဘဏ္ဍာရေးကဏ္ဍ ကြီးကြပ်နိုင်စွမ်းမြင့်မာလာစေခြင်းတို့ ပါဝင်သည်။ ပြည်တွင်းဘဏ်လုပ်ငန်း များကို စုစည်းခိုင်မာစေခြင်း၊ နိုင်ငံ ခြားဘဏ်များနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းများသည် ဘဏ်စနစ် ကို ပို၍အင်အားတောင့်တင်းလာစေနိုင် သည်။
လူဦးရေ၏ တစ်ဝက်ခန့်ရှိရာ စိုက်ပျိုးရေးကဏ္ဍသည် တိုးတက်မှု အလားအလာအကောင်းဆုံးဖြစ်သည်။ မြေယာဥပဒေသစ်အရ မြေယာပိုင်ဆိုင် မှု လက်မှတ်အသစ်များဖြန့်ဖြူးပေး ခြင်းသည် ရှေ့ခြေတစ်လှမ်းဖြစ်သော် လည်း ဆင်းရဲသားများ အကျိုးခံစား ခွင့်ရစေရန်အတွက် ဂရုတစိုက် အကောင်အထည်ဖော်ရန်လိုသည်။ ဤနည်းလမ်းကို လယ်သမားများအား ချေးငွေတိုးပေးခြင်း၊ ကျေးလက် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ၌ ပြည်သူပိုင်ကဏ္ဍက ပို၍ရင်းနှီးမြှုပ်နှံ ခြင်း၊ ပိုကောင်းသောမျိုးစေ့နှင့် မြေ သြဇာများရရှိစေခြင်း၊ စိုက်ပျိုးရေးဌာန က ပို၍ကူညီခြင်း၊ ရိတ်သိမ်းချိန်လွန် အသုံးအဆောင်များပေးအပ်ခြင်းတို့နှင့် ပူးတွဲကျင့်သုံးရန် လိုအပ်သည်။
(အေဒီအို ၂ဝ၁၂)
LWIN PWIN
NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment