ရေကြောင်းပိုင်နက် ပြဿနာ၏ ဇစ်မြစ်
မြန်မာနှင့်ဘင်္ဂလားဒက်ရှ်တို့ ရေကြောင်းပိုင်နက်ပြဿနာနှင့်ပတ်သက်၍ ဘင်္ဂလားဒက်ရှ်အစိုးရနှင့် သတင်းစာများက ၄င်းတို့ ဘက်မှတောင်းထားသည်ထက် ပိုရကြောင်းရေးကြသော်လည်း မြန်မာအစိုးရဘက်မှမူ ထုံးစံအတိုင်းဘာမျှအတိအကျ သတင်းထုတ်ပြန်မှုမရှိဘဲ၊ ရှေ့နေချုပ်က လွှတ်တော်၌ ရှင်းလင်းချက်ကိုသာ ဖေါ်ပြပြီး " သူမသာ၊ ကိုယ်အသုဘ " ဖြစ်ခဲ့သလို ဝေ့လည်ကြောင်ပတ်ရှင်းပြခဲ့သည်။ သမိုင်းကြောင်းအရသော်ကား ရခိုင်ဘုရင်တို့ သည် အနောက်ဘင်္ဂါ (၁၂) မြို့ကိုပိုင်ခဲ့ပြီး၊ ရခိုင်ရေတပ်သည် ယခုအငြင်းပွားခဲ့သည့် ကမ်းခြေတလျှောက်တွင်ကြီးစိုးကာ ဘဂါင်္လီများကိုဝင်ဖမ်းပြီးကျွန်အဖြစ်ရောင်းစားခဲ့
သည့် သက်သေသာဓကများရှိခဲ့သဖြင့် အဆိုပါကျွန်းများနှင့်ရေပြင်ကို ရခိုင်တို့ ပိုင်ခဲ့ကြောင်းထင်ရှားပါသည်။
ဘိုးတော် ဦးဝိုင်း ရခိုင်ပြည်ကိုသိမ်းပိုက်လိုက်ချိန်တွင် အိန္ဒိယရှိအင်္ဂလိပ်ဘုရင်ခံချုပ်က ယခင် ရခိုင်ဘုရင်ပိုင်နက်အားလုံးကိုဗမာဘုရင်ပိုင်သွားပြီဖြစ်ကြောင်း၊ ဗမာဘုရင်ကို ပဏ္ဏာဆက်နေရသောနိုင်ငံငယ်များကိုလည်း ဗမာဘုရင်၏လက်အောက်ခံအဖြစ်
အသိအမှတ်ပြုပါကြောင်း၊ ဗြိတိသျှအိန္ဒိယအင်ပါယာနှင့် ဗမာနိုင်ငံတော်တို့ နယ်နိမိတ်ထိစပ်မှုများရှိလာပြီဖြစ်၍ နိုင်ငံတော်နှစ်ခုအကြားနယ်နိမိတ်အတိအကျသတ်မှတ်ကြပြီး စာချုပ်များချုပ်ဆိုလိုပါကြောင်းအကြောင်းကြားခဲ့ပါသည်။ ထိုအချိန်က ယိုးဒယား
ဘုရင်သည် အမြင်ကျယ်စွာဖြင့် ပြင်သစ်ပိုင်အင်ဒိုချိုင်းနားမှ ပြင်သစ်ဘုရင်ခံချုပ်နှင့်လည်းကောင်း၊ မာလာယုကျွန်းဆွယ်မှဗြိတိသျှဘုရင်ခံနှင့်လည်းကောင်း အလားတူစာချုပ်များ ချုပ်ဆိုခဲ့ပြီးဖြစ်နေသော်လည်း၊ မိမိကိုယ်ကိုမိမိ ကမ္ဘာပေါ်တွင်တန်ခိုးအကြီးဆုံးဘုရင်ဟုဘ၀င်မြင့်ရူး ရူးနေသည့် ဘိုးတော်သည်လည်းကောင်း၊ မိမိတို့ ၏ စစ်အင်အားကို မဟာအတုမရှိ ဟုအထင်ကြီးခဲ့ကြသည့်မြန်မာစစ်ဗိုလ်များကလည်းကောင်း၊ မင်းဧကရာဇ်တပါးသည် " ဘင်္ဂလားမြို့ စား " နှင့်စာချုပ်ရန်အကြောင်းမရှိ၊ လန်ဒန်မြို့ တော်မှ
" ဗြိတိသျှ ဦးကိုင် "နှင့်သာစာချုပ်ရန် အဖက်တန်သည်ဟုယူဆခဲ့ကြသဖြင့်၊ နောက်ဆုံး စစ်ကိုင်းမင်း (ခေါ်) ဖလ်နန်းရှင် (ခေါ်)ဘကြီးတော် လက်ထက်တွင် ရှင်မဖြူ (ခေါ်) ရှပ်ပူရီကျွန်းကိစ္စမှစပြီး စစ်ဖြစ်ကြရသည်။ ရေတပ်နှင့် ခေတ်မီလက်နက်များမရှိသောမြန်မာတပ်တို့ အရေးနိမ့်ပြီး၊ ရန္တပိုစာချုပ်ဖြင့် ရခိုင်နှင့်တနင်္သာရီနယ်တို့ ကို အင်္ဂလိပ်တို့ လက်သို့ ထိုးအပ်လိုက်ရသည်။ အာသံနှင့်
မဏိပူရတို့ ကိုလည်းလက်အောက်ခံ ပဏ္ဏာဆက်သရသည့်နိုင်ငံများအဖြစ်မှ လက်လွှတ်လိုက်ရသည်။ မြန်မာဘုရင်များ၏ အပြည်ပြည်ဆိုင်ရာနိုင်ငံရေးနှင့် ဆက်ဆံရေးညံ့ဖြင်းမှုကြောင့် တရားသည်ဖြစ်စေ၊ မတရားသည်ဇြစ်စေ ၄င်းကျွန်းများနှင့် ရခိုင်ရေပိုင်နက်
မှာ (၁၈၂၆) ခုမှစပြီး ဗြိတိသျှပိုင်ဖြစ်သွားသည်။နောင်တွင်မြန်မာတို့ ၏ စစ်အင်အားနည်းပါးခြင်း၊ ခေတ်မီလက်နက်များမရှိခြင်းတို့ ကိုသိရှိနေသောဗြိတိသျှနယ်ချဲ့သမားက
မတရားဗိုလ်ကျကာ ဒုတိယစစ်နှင့် တတိယစစ်တို့ ကိုအပြစ်ရှာ တိုက်ခိုက်ပြီး မြန်မာတပြည်လုံး သိမ်းယူခါ (၁၉၃၆) ခုနှစ်အထိအိန္ဒိယပြည်၏ ပြည်နယ်တခုအဖြစ်အုပ်ချုပ်ခဲ့ပြီး၊ (၁၉၃၇) ခုနှစ်တွင်မှသာ သီးခြားကိုလိုနီနယ် (Crown Colony) အဖြစ် အုပ်ချုပ်ခဲ့သည်။
(၁၉၃၇) ခုနှစ်တွင် မြန်မာနှင့်အိန္ဒိယတို့ သီးခြားကိုလိုနီများဖြစ်လာကြသောအချိန်တွင် ကပ္ပလီကျွန်း၊ နီကိုဘာကျွန်း၊ အာသံ၊မဏိပူရ နှင့် ရခိုင်တို့ က "အနောက်ပြည်" ဟုခေါ်ခဲ့သော ရခိုင်ပိုင်ဘင်္ဂလားတွင်းရှိ နယ်များကို အင်္ဂလိပ်တို့ က "ဗြိတိသျှအိန္ဒိယ" တွင်းသို့ ထည့်သွင်းလိုက်သည်။ "ဗြိတိသျှပိုင်မြန်မာပြည်" အတွင်းသို့ ထည့်သွင်းမပေးခဲ့။ ဒေါက်တာဗမော်အစိုးရနှင့်ဦးစောအစိုးရတို့ ကလည်း ၄င်းနယ်များကို တရားဝင်ပြန်မတောင်းခဲ့ပါ။ တောင်းခဲ့လျှင်လည်း ရမည်မထင်ပါ။ အကြောင်းမှာ အင်္ဂလိပ်များသည်
ကိုလိုနီနယ်အားလုံးတွင် ကုလားများကို သားအရင်းသဖွယ်သဘောထားပြီး အခွင့်အရေးပိုပေးလေ့ရှိကာ၊ ကျန်ကိုလိုနီနိုင်ငံသားများကိုမွေးစားသားသဖွယ်သဘောထားကာကျောသားရင်သားခွဲခြားဆက်ဆံလေ့ရှိသောကြောင့်ဖြစ်ပါသည်။ဤနေရာတွင်စကားစပ်မိ၍ လက်တွေ့ သာဓကတခုကိုပြရသော်၊
မြန်မာနိုင်ငံအတွင်းသို့ ခိုးဝင်သည့် စစ်တကောင်းဘဂါင်္လီကုလားများကို သမိုင်းအစဉ်အဆက်မရှိသော "ရိုဟင်ဂျာ" နာမည်ဖြင့် ဘီဘီစီ(BBC)က ပွဲထုတ်ပေးနေခြင်းပင်ဖြစ်ပါသည်။
မြန်မာတိုင်းရင်းသားအဖွဲ့ အစည်းပေါင်းစုံက ၀ိုင်းဝန်းကန့် ကွက်နေသည့်ကြားမှ "ငါ့မြင်းငါစိုင်း၊ စစ်ကိုင်းရောက်ရောက်" လုပ်နေချက်ကသက်သေခံနေပါသည်။
(၁၉၄၇) ခုနှစ်တွင် ဗြိတိသျှအိန္ဒိယနိုင်ငံသည် အိန္ဒိယနှင့် ပါကစ္စတန်ဆိုသော ဒိုမီနီယံနိုင်ငံ(၂)ခုအဖြစ်သို့ကွဲသွားပြီး၊ မြန်မာပြည်တွင်လည်း ဗိုလ်ချုပ်တို့ ကျဆုံးပြီး လုံးဝလွတ်လပ်ရေး
သို့ တာစူနေဆဲကာလဖြစ်ပါသည်။ ကပ္ပလီကျွန်း၊ နီကိုဘာကျွန်း၊အာသံ၊မဏိပူရ နှင့် တြိပူရတို့ မှာ အိန္ဒိယထဲတွင်ပါသွားပြီး၊ အရှေ့ ဘင်္ဂလားပြည်နယ်မှာ အရှေ့ ပါကစ္စတန်ဖြစ်လာခဲ့သည်။
( ၂ )
ထိုစဉ်က ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာပါမောက္ခ ဒေါက်တာထင်အောင်က " မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသော် အာသံ၊ မဏိပူရ၊ ကပ္ပလီကျွန်း စသည်တို့ ဗမာပိုင်ဖြစ်ရးအတွက် အိန္ဒိယနှင့်အရေးဆိုရမည်၊ ရခိုင်စကားပြောသူများ ပါကစ္စတန်တွင်း
ရောက်နေသောနယ်များကိစ္စလည်းဆွေနွေးရမည် " စသည်ဖြင့် အင်္ဂလိပ်ဘာသာဖြင့်ဆောင်းပါးရေးခဲ့ဘူးပါသည်။
မြန်မာပြည်လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းစစ်ကြောင့်လည်းကောင်း၊ အခြားအကြောင်းများကြောင့် လည်းကောင်း၊အိန္ဒိယ မြန်မာနယ်နိမိတ်သည်လည်းကောင်း၊ ပါကစ္စတန် မြန်မာနယ်နိမိတ်သည်လည်းကောင်း၊ မသတ်မှတ်နိုင်ခဲ့၊ စာချုပ်မချုပ်ဆိုနိုင်ခဲ့ပါ။ (၁၉၅၀) ခုနှစ်နောက်ပိုင်းများတွင် တရုတ်-မြန်မာနယ်နိမိတ် သတ်မှတ်ရေးတွင် ဖိမော်၊ ဂေါ်လန်၊ ကန်ဖန် တည်းဟူသော
ကချင်နယ်(၃)နယ် တရုတ်ကိုပေးလိုက်သည့်ကိစ္စနှင့်ပတ်သက်၍ အတိုက်အခံများက ၄င်းနယ်များသည် သမိုင်းအဆက်ဆက်မြန်မာပိုင်နယ်များဖြစ်ကြောင်း အထောက်အထားများဖြင့်တင်ပြကြရာ အစိုးရပါတီမှအမတ်တဦးက " ဒီလိုဆိုရင် အာသံ၊ မဏိပူရ
လည်းပြန်တောင်းပါလား " ဟု ကလိလိုက်ရာ၊ အတိုက်အခံအမတ်က " ဒီကိစ္စလာမယ်လေ၊ အိန္ဒိယ မြန်မာနယ်နိမိတ်ကိစ္စကျရင်၊အခုဟာက တရုတ်-မြန်မာနယ်နိမိတ်ကိစ္စမို့ မဆိုင်လို့ မပြောတာ၊ ဆိုင်တဲ့ကိစ္စရောက်ရင် ကပ္ပလီကျွန်းကိစ္စရော၊ ရခိုင်ဘုရင်ပိုင်ခဲ့တဲ့
နယ်တွေကိစ္စရော ဆွေးနွေးရမှာဘဲ " ဟုပြန်ပြောခဲ့သည်ကို လွှတ်တော်အစည်းအဝေး မြန်မာ့အသံမှ တိုက်ရိုက်အသံလွှင့်ခဲ့သည့်အတိုင်းကြားခဲ့ရဘူးပါသည်၊ မှတ်ခဲ့ရဘူးပါသည်။
ထိုကြောင့် ဦးနုမှာ နေရူးနှင့် ပုဂ္ဂိုလ်ရေးအရ အလွန်ရင်းနှီးသူဖြစ်ပါသော်လည်း ၄င်းဝန်ကြီးချုပ်ဖြစ်နေစဉ်က အိန္ဒိယ မြန်မာနယ်နိမိတ်နှင၊့် ပါကစ္စတန် မြန်မာနယ်နိမိတ်ကိစ္စများကို အတိအကျမသတ်မှတ်နိုင်ခဲ့၊ လက်မှတ်မထိုးနိုင်ခဲ့ပါ။ ၄င်းနယ်နိမိတ်များမှာ(၁၉၆၆)ခု တော်လှန်ရေးကောင်စီခေတ်တွင်သာ အင်္ဂလိပ်လုပ်ခဲ့သည့်အတိုင်း အသိအမှတ်ပြုလိုက်ပြီး လက်မှတ်ရေးထိုးလိုက်ခြင်း
ဖြစ်ပါသည်။ အာဏာရှင်ခေတ်ဖြစ်ပြီး လွှတ်တော်လည်းမရှိ၍ တင်ပြဆွေးနွေးရန်မလိုပါ။ ပြည်သူလူထုအများစုလည်း ၄င်းစာချုပ်အကြောင်း သိရှိခဲ့ကြဟန်မတူပါ။
ဗိုလ်ချုပ်နေ၀င်းမှာ ထိုအချိန်ကတရုတ်နှင့်ဆက်ဆံရေး မပြေမလည်ဖြစ်နေချိန်ဖြစ်၍ ကုလားများနှင့်ပြဿနာမတက်ရန်အလျှော့ပေးခဲ့ဟန်ရှိပါသည်။ (၁၉၆၄) ခုနှစ် ပြည်သူပိုင်သိမ်းအပြီး ကုလားများထောင်သောင်းနှင့်ချီပြီး " မိုဟာမဒီ " ၊ " မိုဇာဖရီ"၊"ဆော်ဒီ " စသည့်သင်္ဘောများဖြင့် ပြည်တော်ပြန်ကြရသည်ကို ယခုအသက်(၆၀)နှင့်အထက်ရှိသူအားလုံး မှတ်မိကြပါလိမ့်မည်။
၎င်းကိစ္စနှင့်ပတ်သက်ပြီး ကုလားများကမျက်သိုထားသည့်ကိစ္စလည်းပါနိုင်ပါသည်။ ဗိုလ်ချုပ်နေ၀င်းမှာ ဗေဒင် ယတြာယုံသူလည်းဖြစ်ပါသည်။ တရုတ်ကဖိ ရှမ်းကအိ ရှိသည့်မြန်မာအနောက်မှာ ဆိုသည့် တဘောင်စကားလည်းရှိပါသည်။ ထိုကြောင့်တရုတ်နှင့် ပြဿနာပေါ်ပြီး မိမိ "တရုတ်ပြေးမင်း" ဖြစ်ခါ အနောက်သို့ ပြေးရသော် စူရတီ၊ ဘင်္ဂလီ၊ ပန်ချာပီ၊ ပသီ၊ ဖာရစီ၊ ခေါ်တော၊ မရ၀ရီ၊ စသောကုလားမျိုးစုံတို့ က ၀ိုင်း မူလကျီ လုပ်ကြပြီး၊ "ဟာလာ" လုပ်မည်လော၊ ၀ိုင်း " ဂန်းမာဒေးကား " ကြမည်လော၊
သို့ လော သို့ လောတွေးပြီးသော်၊ ၄င်းသည် မြန်မာရာဇ၀င်တွင်မရှိဘူးသော "တရုတ်ပြေး ကုလားကျမင်း" ဖြစ်သွားမည်ကို စိုးရိမ်၍လည်းဖြစ်နိုင်ပါသည်။
၎င်းနောက်တွင် မြန်မာဘက်မှစစ်ရေယာဉ် " ပြည်တော်အေး " ကို (၁၉၆၆) ခုနှစ်တွင် ကပ္ပလီကျွန်းသို့ ၃-၄ ခေါက်စေလွှတ်ပြီးမြန်မာပြည်သို့ ပြန်လာလိုသူ မြန်မာများကိုသွားခေါ်ရပါသည်။
အရှေ့ ပါကစ္စတန်တွင်းသို့ ရောက်နေသော ရခိုင်မိသားစုနှစ်ရာကျော်ခန့် လည်း ရခိုင်တိုင်း
သို့ ပြန်လာကြပါသည်။ အချို့ ကပ္ပလီကျွန်းပြန်များမှာ ကပ္ပလီကျွန်းတွင် ဆင်ပိုင်၊ ကားပိုင်၊ သစ်စက်ပိုင်များပင်
ဖြစ်နေကြပြီး အမိမြေကိုလွမ်း၍သာပြန်လာကြခြင်းဖြစ်ပါသည်။ သို့ သော်အမိမြေမှာယခင်ကလို "သာယာရွှေပြည်" မဟုတ်တော့ဘဲမဆလ ခေါ် မြန်မာဆင်းရဲမွဲတေရေး လမ်းစဉ် အောက်တွင် ဒုက္ခရောက်နေကြသည်ကို မသိခဲ့ကြရှာပါ။ မြန်မာပြည်ပြန်ရောက်ပြီးမှငရဲပန်းကိုနတ်ပန်းထင်ခဲ့မိသည့် မိတ္တ၀ိန္ဒက လက်သစ်များဖြစ်နေကြမှန်း သိရပြီး " တကျွန်း " သို့ ပြန်ချင်စိတ်ပေါ်လာသူများရှိခဲ့ပါသည်။ ၄င်းတို့ ၏အသိမှာ လူသတ်မှုဖြစ်လျှင် တကျွန်းသို့ ပို့ သည်ဟုသာ ဖြစ်သဖြင့် လူသတ်မှုကျူးလွန်သူများပင် ရှိခဲ့ပါသည်။သို့ သော်၎င်းတို့ အပို့ ခံရသည့် တကျွန်းမှာ ကပ္ပလီကျွန်း မဟုတ်တော့ဘဲ၊ ကိုကိုးကျွန်း ဖြစ်နေသဖြင့် " မိအေးနှစ်ခါနာ" ခဲ့ရသူများလည်းရှိခဲ့ဘူးပါသည်။
အထက်ဖေါ်ပြပါအကြောင်းများအရ၊ ရေကြောင်းပိုင်နက်ကိစ္စများတွင် မြန်မာဘက်မှ အရေးနိမ့်ခဲ့ရခြင်းမှာ မဆန်းပါ။
( ၃ )
(၁) မြန်မာဘုရင်တို့ အင်္ဂလိပ်ဘုရင်ခံချုပ်နှင့် နယ်ခြားမသတ်မှတ်မှုကြောင့်စစ်ဖြစ်ရခြင်း၊ တနည်းအားဖြင့် " အိုင်ထဲကဖား " ကဲ့သို့ 
ပြုမူခဲ့ခြင်းတို့ ကြောင့် စစ်ဖြစ်ပြီး ပိုင်နက်များဆုံးရှုံး ရခြင်း။
(၂) နယ်ချဲ့ အင်္ဂလိပ်က " သားအရင်း " ကုလားများကို မျက်နှာသာပေးကာ (၁၉၃၇) ခုနှစ်က ကုလားပိုင်အဖြစ်ပေးခဲ့သည့်နယ်များ
ကို (၁၉၆၆) ခုနှစ်တွင် တရားဝင်လက်မှတ်ထိုးပြီး လွှဲအပ်ပေးလိုက်ခြင်း။
(၃) နိုင်ငံတကာတရားရုံးတွင် ၄င်းကိစ္စအခြေအတင်ပြောခဲ့စဉ်ကလည်း ဘင်္ဂလားဒက်ရှ်ဘက်မှ သမိုင်းသုတေသီများ၊ ဥပဒေပညာ
ရှင်များ၊ ပထ၀ီပညာရှင်များကိုစေလွှတ်သည့်အပြင် သတင်းစာများကလည်း ပြည်သူလူထုကိုမပြတ် တင်ပြခြင်း၊ အကြံဥာဏ်
တောင်းခံခြင်းများပြုလုပ်ခဲ့ပါသည်။ မြန်မာဘက်မှ ၄င်းတို့ နည်းတူ ကြိုးစားခဲ့ကြပါ၏လော။
(၄) အင်္ဂလိပ်နယ်ချဲ့ ကိုတရားခံတဦးအဖြစ်လက်ညှိုး ထိုးပြနိုင်ပါသည်။ သို့ သော် " မည်သူမပြု၊ မိမိမှု "လည်းပါသင့်သလောက်ပါပါသည်။
နောက်ဆုံးတွင်တော့ " မိအေးနှစ်ခါမက ဆယ်ခါနာလိုက်ရသူများ " မှာ ရခိုင်ပြည်နှင့် ရခိုင်များသာဖြစ်ပါကြောင်း။
( မြေဇာပင် )
LWIN PWIN
NLABR
0 comments:
Post a Comment