ဗီယက်နမ်လား၊ ကိုးရီးယား၊ မြန်မာစံနမူနာယူစရာ
by ဇော်အောင် (မုံရွာ)


ကျွန်တော်တို့ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ကိုင်သူများကို ချီးကျူးမိပါသည်။ ဒါလောက်တိုတောင်းတဲ့အချိန်အတွင်း တိုင်းပြည်အတွက် မျက်ရည်များ၊ စားစရာဖြစ်ရတဲ့ ခံစားချက်နဲ့ အတိတ်ကိုသင်ပုန်းချေပြီး၊ ၀ိသမ၊ စစ်အာဏာရှင်အများစုကို ဘေးထုတ်ပစ်နိုင်ခြင်းဟာ အံ့ဘွယ် ဖြစ်ပါသည်။ နောက်ပြန်မလှည့်စတမ်းဆိုသော်လည်း စိုးရိမ်စရာများစွာရှိနေသည်။
မြန်မာသမ္မတကြီးနဲ့အဖွဲ့၊ စင်ကာပူ၊ ဗီယက်နမ်ကို သွားရောက်လေ့လာခြင်းဟာ အလွန်ကောင်းသည်။ စင်ကာပူမှာ တတ်သိပညာရှင်မြန်မာများစွာရှိတဲ့အပြင်၊ အလုပ်သမားအဆင့် မြန်မာများ၊ သိန်းနဲ့ချီပြီး ရှိနေပါသည်။ လူသားအရင်းအမြစ်ကြီးတခုပါပဲ။ ဗီယက်နမ်ကိုသွားလေ့ လာတော့ ပြုပြင်ပြောင်းလဲမှုအတွက် ဗီယက်နမ်ကွန်မြူနစ်များထံက နည်းလမ်းသစ်များစွာ ရမယ်မျှော်လင့်ပါသည်။ စင်ကာပူက စီးပွားရေး သမားများပြောစကားအရ ဗီယက်နမ်မှာ စိတ်ပျက်စရာကောင်းတဲ့ လာဘ်စားမှုတွေရှိနေတယ်ဆိုပါသည်။ တရုတ်ပြည်လို နိုင်ငံတော်အစိုးရမှာ စီးပွားရေးသမားမပါအောင် လုပ်မထားနိုင်လို့လားမသိ။ တရုတ်ပြည်ကြီးလောက် မအောင်မြင်တာတွေ့ရသည်။

• ဗီယက်နမ်

သမိုင်းအရ ဗီယက်နမ်များ၏ မျိုးချစ်စိတ်ဓာတ်သည် သူ့ကျွန်မခံ၊ အလွန်မာကြောလှပါသည်။ တရုတ်ပြည်၊ မွန်ဂိုအင်ပါယာလက်ထက်မှာ မြန်မာပြည်ကို မွန်ဂိုတရုတ်တပ်များ ၀င်ရောက်သိမ်းပိုက်ပြီး၊ ပုဂံမင်းဆက်ကို ပျက်သုဉ်းစေခဲ့သော်လည်း ဗီယက်နမ်ကို မွန်ဂိုတရုတ်များ ၀င်ရောက်တိုက်ခိုက်တဲ့အခါ ဗီယက်နမ်များက တွန်းလှန်တိုက်ခိုက်နိုင်ခဲ့သည်။ သို့သော် ဥရောပနယ်ချဲ့များကိုတော့ အရှုံးပေးခဲ့ပြီး၊ ပြင် သစ်ကိုလိုနီနိုင်ငံအဖြစ် နှစ်ပေါင်းများစွာနေခဲ့ပြီး၊ တော်လှန်ရေးတိုက်ပွဲမှာ ဘိန်ဒိန်ဖူးစစ်ပွဲကြီး ၁၉၅၄ မှာ ပြင်သစ်စစ်တပ်ကြီး ပိတ်မိ၊ လက် နက်ချအရှုံးပေးပြီး ဗီယက်နမ်ကထွက်ခွာခဲ့တဲ့ရာဇ၀င်ရှိသည်။ နောက်ပိုင်း ကွန်မြူနစ်စနစ်ထွန်းကားတဲ့ ၁၉၇၀ ခေတ်လောက်က၊ ဗီယက်နမ် စစ်ပွဲဆိုပြီး အရှေ့တောင်အာရှမှာ ကွန်မြူနစ်နဲ့အရင်းရှင် စနစ်နှစ်ခု အပြင်းအထန်တိုက်ခိုက်ကြတဲ့ မြေဇာပင် ဗီယက်နမ်ဖြစ်ပါသည်။ အရင်း ရှင် ဒီမိုကရေစီအဘိုးကြီး အမေရိကန်ခမျာ ၁၅ နှစ်လောက် ယခုခေတ်၊ အီရက်ထက်ဆိုးတဲ့ စစ်ပွဲကြီးကိုတိုက်ခိုက်ရင်း ၁၉၇၅ မှာ ဗီယက် နမ်က ရှုံးနိမ့်ထွက်ခွာလာခဲ့ရသည်။

ဗီယက်နမ်များသည် စစ်တိုက်တဲ့နေရာမှာ မြန်မာထက် ရာဇ၀င်မှာမှတ်တမ်းကြီးရှိပါတယ်။ သို့သော်လည်း စည်ပင်သာယာဝပြောတဲ့ နိုင်ငံ သားအဖြစ်တော့ မြန်မာပြည်ရဲ့ရာဇ၀င်ကို မယှဉ်နိုင်ပါဘူး။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှသာမက၊ အာရှတခွင်အထိ ၁၉၄၀-၁၉၇၀ နှစ်ပိုင်းများက ရာဇ၀င်မှတ်တမ်းများစွာ တင်ထားခဲ့ပါသည်။ အကျဉ်းရေးရရင် ကုလသမဂ္ဂအကြီးအကဲ ဦးသန့်၊ ဂျပန်ကိုတော်လှန်တဲ့ ဗိုလ် ချုပ်အောင်ဆန်း၊ အရှေ့တောင်အာရှမှာ အကြီးဆုံး မြန်မာသင်္ဘောလိုင်း Five Star, ရန်ကုန်ဆိပ်ကမ်း၊ အကြီးဆုံးဖြစ်ခဲ့သော မင်္ဂလာဒုံလေ ယာဉ်ကွင်း၊ မြန်မာလေကြောင်း BAC စသည်တို့ စန်းပွင့်ခဲ့စဉ်များ အခုကမ္ဘာတလွှား နာမည်ယူနေတဲ့ စင်ကာပူအဲယားလိုင်း၊ ထိုင်းအဲယားဝေး၊ လေဆိပ်ကြီးများ လုံးဝမပေါ်ထွန်းသေးပါ။ မြန်မာ Five Stars သင်္ဘောများ ကမ္ဘာတခွင် ကူသန်းနေချိန်မှာ အရှေ့တောင်အာရှနိုင်ငံများ ကမ္ဘာတခွင်မောင်းတဲ့၊ သင်္ဘောလိုင်းများ မရှိသေးပါဘူး။ အားကစားမှာလည်း အာရှတိုက်မှာ ဘော်လုံး၊ ပြေးခုန်ပစ်တွေမှာ ကိုးရီးယား၊ ဂျပန်တို့နဲ့ ထိပ်တန်းယှဉ်ပြိုင်နိုင်ခဲ့သည်။
စာရေးသူဟာ ပြည်ပရောက်၊ ဗီယက်နမ်လူမျိုးများစွာနဲ့ တွေ့ဖူးပါသည်။ ဗီယက်နမ်ဒုက္ခသည် သန်းနဲ့ချီပြီး ကယ်သူမဲ့ဖြစ်ရသည်။ သူတို့ဟာ ပြည်ပ (အထူးသဖြင့် အမေရိကန်မှာ) သားသမီးများကို ပညာသင်၊ အရမ်းကြိုးစားခဲ့တော့ အမေရိကန်မြို့ကြီးတိုင်းမှာ ယခုအခါ ဗီယက်နမ် ကုန်တိုက်ကြီးများ၊ ဗီယက်နမ်ပညာတတ်များစွာ ရှိနေပါသည်။ စင်ကာပူမှာ ဗီယက်နမ် Offshore အတွက် လုပ်ငန်းများလုပ်ကိုင်စဉ် ၂၀၁၀ အချိန်က ဗီယက်နမ်လူမျိုး ရာနဲ့ချီပြီး စင်ကာပူသင်္ဘောကျင်းမျာ သူတို့နိုင်ငံကထွက်တဲ့ ရေနံချက်မယ့် FPSO သင်္ဘောမှာ အတူလုပ်ကိုင်ခဲ့ ဘူးပါသည်။ ဗီယက်နမ်ဟာ မြန်မာပြည်ထက် ၃ ဆမက ရေနံ၊ ဓာတ်ငွေ့အများကြီးထွက်သည်။ ဗီယက်နမ် Offshore သမားများ လစာအ လွန်ကောင်းပါတယ်။ စာရေးသူ CSM@GF စင်ကာပူတက်ကနိုလိုဂျီ ဆီမီးကွန်ဒက်တာမှာ လုပ်စဉ်ကလည်း ထိတ်တန်းဗီယက်နမ် ပညာ တတ်များစွာ တွေ့ဆုံရပါတယ်။ သူတို့ဟာ လစာ ဒေါ်လာ ၂ သောင်းအထက် ရပါသည်။ ကိုယ့်မှာ သူတို့လို အမေရိကားပညာတတ်မဟုတ်၊ အတွေ့အကြုံမဲ့မြန်မာဆိုတော့ လစာနည်းနည်းနဲ့လုပ်ကိုင်ရပေမဲ့ သူတို့ဆီက ကောင်းတဲ့အကျင့်စရိုက်များကို လေ့လာကျင့်သုံးဖို့ပဲရှိသည်။

• ရွှေဗမာ – အကြွားစကားနဲ့ ရေးရလျှင်

ဗီယက်နမ်အပါအ၀င် ဘယ်အရှေ့တောင်အာရှနိုင်ငံမှ မြန်မာပြည်ရဲ့ ရာဇ၀င်ကိုမမီပါချေ။ သို့သော်လည်း လောလောဆယ်တော့ မြန်မာတို့ ဘိတ်ဆုံးရောက်နေဆဲပါ။

စစ်အာဏာရှင်စနစ်ကြောင့် လွတ်လပ်ရေးရပြီး မြန်မာပြည်ကြီး အရှေ့တောင်အာရှမက၊ ကမ္ဘာ့လာဘ်အစားဆုံး ဘိတ်ဆုံးဆယ်နိုင်ငံအထဲ ပါသွားရတယ်ဆိုတာ အစိုးရ၀န်ကြီးအဆင့်ပုဂ္ဂိုလ်များက ပြောဆိုလက်ခံလာခြင်း၊ တရားဥပဒေစိုးမိုးမှုအတွက် တရားသူကြီး ၈၀ ရာနှုန်းတိုင် စာများမှန်ကန်ကြောင်း လွှတ်တော်မှာကြေငြာခြင်း စတဲ့အချက်တွေဟာ ဗီယက်နမ်အစိုးရ ပြုပြင်ပြောင်းလဲခြင်းမှာ မတွေ့နိုင်ခဲ့ပါ။ မြန်မာနိုင် ငံရဲ့ အလွန်အားသာချက်မှာ ဖြောင့်မတ်တည်ကြည်သည်ဟု ကမ္ဘာကသတ်မှတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လေးစားချစ်ခင်မှု မီရှူးတိုင်တခုရှိပါတယ်။ မှောင်မိုက်တဲ့ မြန်မာပြည်ကို မျှော်လင့်ချက်ရှိစေပါသည်။ သမ္မတဦးသိန်းစိန်ရဲ့ အစိုးရနဲ့ ပူပေါင်းပြီး တိုင်းပြည်အတွက် ပိုမိုလုပ်ကိုင်နိုင်မှာပါ။

• ကွန်မြူနစ်ဗီယက်နမ်ကို ပြန်လေ့လာရင်

၁၉၇၅ နောက်ပိုင်း တစ်ပါတီကွန်မြူနစ်လူ့ဘောင်ကိုထူထောင်ရင်း ၁၉၈၉ နောက်ပိုင်း၊ တရုတ်ပြည်ပြုပြင်ပြောင်းလဲရေးများ အောင်မြင် လာချိန် အရင်ကရန်သူဖြစ်ခဲ့သော အမေရိကန်နဲ့ ပြန်လည်သင့်မြက်ခဲ့ပါသည်။ ဗီယက်နမ်လူမျိုး သန်းနဲ့ချီပြီး ကမ္ဘာတ၀ှမ်းလွှင့်သွားရသူများ ဗီယက်နမ်အစိုးရက ပြန်လည်လက်ခံပါသည်။ အရှေ့တောင်အာရှ အာဆီယံအဖွဲ့ဝင်အဖြစ် မြန်မာနောက်မှဝင်လာသော်လည်း မြန်မာထက် ဦးစွာ ပြုပြင်ပြောင်းလဲရေးများလုပ်ဆောင်ခဲ့သည်။ ဗီယက်နမ်ငွေကြေး Dong ကိုတည်တံ့စေပြီး၊ ၂၀၀၀ ခုနှစ်မှာ စတော့အိတ်ချိန်း Ho Chi Minh Stock Exchange HOST ကို ကုမ္ပဏီနှစ်ခုရဲ့ အမေရိကန်ဒေါ်လာ ၂.၇ သန်း တန်ဖိုးနဲ့ စတင်ခဲ့သည်။ ၂၀၁၀ ခုနှစ်၊ ၁၀ နှစ်အကြာမှာ စတော့အိတ်ချိန်းဟာ ကုမ္ပဏီပေါင်း ၂၄၀ ကျော် ပါဝင်ခဲ့ပြီး အမေ၇ိကန်ဒေါ်လာ ၂၈ ဘီလျှံ ရှိနေပြီဖြစ်သည်။
၂၀၁၀မှာ GDP US$220 billion ရှိတဲ့ လူဦးရေ ၉၁ သန်းရှိသော ဗီယက်နမ်ရဲ့ပျမ်းမျှလူတဦး၊ တနှစ်ဝင်ငွေက US$1300 ပဲရှိပါသည်။ GDP per capital (nominal)။ လက်ရှိမြန်မာပြည်ရဲ့ GDP US$78 billion, လူဦးရေ သန်း၆၀၊ ပျှမ်းမျှ တဦးချင်း တနှစ်ဝင်ငွေက US$830 ရှိသော ကြောင့် ဗီယက်နမ်ကိုမှီဖို့ သိပ်မဝေးဖူးဆိုတာ သိရသည်။ ဗီယက်နမ်မှာ ကွန်မြူနစ်တပါတီစနစ်နဲ့ တလွဲမျိုးချစ်တွေရှိနေပြီး လပ်စားမှုများ (တရားဥပဒေစိုးမိုးမှု) စံညွှန်း Corruption Perceptions Index မှာ အဆင့် ၁၁၂ မှာရှိနေတဲ့အတွက် စင်ကာပူလုပ်ငန်းရှင်များပြောတဲ့ ဗီ ယက်နမ်မှာ လာဘ်စားမှုများမှာ ဟုတ်ပါလိမ့်မည်။ ကိုယ်တိုင်သွားနေထိုင် လေ့လာကြည့်နိုင်မှ အသေချာသိနိုင်မှာပါ။ သမ္မတကြီး ဦးသိန်း စိန်တို့အဖွဲ့က ပေါ်လစီ၊ လုပ်နည်းတွေပဲ လေ့လာ၊ ပူပေါင်းလုပ်ကိုင်ဖို့သွားသောကြောင့် လာဘ်စားမှုတွေကို မြင်သွားမှာတော့မဟုတ်ပါဘူး။ (လက်ရှိ ကိုယ်မြန်မာပြည်က ပိုဆိုးနေပါသည်)။
ပြောသာပြောရသည်။ မြန်မာပြည်က Corruption Index မှာ လောလောဆယ် အဆင့် ၁၈၀ (နောက်မှာ အာဖရိက ၃ နိုင်ငံပဲရှိတယ်) ကို လည်း မမေ့သင့်ပါ။ ဒါလောက် လာဘ်စားလွန်းသော မြန်မာနိုင်ငံ လာဘ်စားမှုလျှော့သွားအောင် မည်သို့လုပ်နေသနည်း။ အိမ်နည်းချင်း ဗီ ယက်နမ်၊ ထိုင်းများမှ စံနမူနာမရနိုင်ပါ။ Role Model အဖြစ် အိမ်နီးချင်း ပေါက်ဖေါ်ကြီး တရုတ်နိုင်ငံကိုပဲ စံနမူနာယူဖို့သင့်ပါသည်။ တ ရုတ်ပြည်မှာ သူဌေးများ နိုင်ငံအုပ်ချုပ်သူအဆင့်ဝင်မလာအောင် ကာကွယ်ထားပါသည်။ မျိုးချစ် Nationalists များနှင့် တရုတ်ပြည်တည် ဆောက်သောကြောင့် တရုတ်ပြည်တိုးတက်သလောက် အခြားအိမ်နီးချင်းနိုင်ငံများ တော်တော်နစ်နာပါသည်။ ထားပါတော့။
ခြုံကြည့်လိုက်ရင်၊ မြန်မာက ဗီယက်နမ်ရဲ့ပြုပြင်ပြောင်းလဲမှုကို နမူနာယူဖို့ သမ္မတကြီးဦးသိန်းစိန်အဖွဲ့ သွားရောက်လေ့လာတာ မှန်ကန် တဲ့လမ်းကြောင်းပါ။ ထိုင်း၊ မလေးရှား၊ စင်ကာပူတွေက နဂိုကတည်းက ဒီမိုကရေစီနိုင်ငံတွေပဲ။ ကွန်မြူနစ်ကပြောင်းလဲလာတဲ့ ဗီယက်နမ် ကလည်း လေ့လာခွင့်ပေးပါသည်။ ပြီးတော့ သူ့ကုန်တွေရောင်းမယ်။ အမြက်ထွက်အောင်တော့လုပ်ရမှာပါပဲ။ ပြုပြင်ပြောင်းလဲမှုကို နမူနာ ယူရင်း – မြန်မာရော်ဘာ၊ သစ်တောထွက်ပစ္စည်းများနှင့် သစ်များ၊ ရေလုပ်ငန် နှင့် လယ်ယာထွက်ကုန်ပစ္စည်းများ ပိုမိုရောင်းချဖို့ဖြစ်သည်။ ဗီယက်နမ်သည် ၂၀၁၁ မှာ အရောင်းဝယ်၊ ဒေါ်လာသန်း ၃၀၀ ကျော်နှင့်၊ မြန်မာနိုင်င၏ ၁၃ ခုမြောက် စီးပွားရေးနိုင်ငံဖြစ်ပါသည်။

• ကိုးရီယား

ယှဉ်ပြီး စံနမူနာယူရမယ်ဆိုလျှင်၊ ကိုးရီးယားဇတ်ကားပဲကြည့်နေသူများကတော့ အနုပညာလောက်ပဲ ခံစားနိုင်မည်။ စင်ကာပူမှာပင်လျှင် ဆောက်လုပ်ရေးလုပ်ငန်းများ အားလုံးနီးပါးကို တောင်ကိုးရီးယားကုမ္ပဏီမျာက ဂျပန်များထံမှာ လက်လွှဲယူလိုက်တဲ့အထိ အောင်မြင်နေပါပြီ။ ကိုးရီးယား ဟွန်ဒိုင်းမော်တော်ကား၊ ကိုးရီးယားဆောက်သင်္ဘောများ၊ နောက်ဆုံး ဆမ်ဆောင်း Smart Galaxy Phone, Computer စတဲ့ လူသုံး၊ စက်သုံး အားလုံးကို လူဦးရေ ၄၈ သန်းပဲရှိသော တောင်ကိုးရီးယားလူမျိုးက ထိုးဖောက်လာလာသည်မှာ အံ့ဘွယ်တပါးဖြစ်သည်။ GDP US$1495 billion (2010) မှ တရိပ်ရိပ်တိုးတက်ဆဲ ကိုးရီးယားဖြစ်သည်။ မြန်မာများ လေ့လာအတုယူစရာများစွာရှိပါသည်။ ကိုးရီး ယားရဲ့ အင်တာနက်အမြန်နှုန်းသည် ကမ္ဘာ့အမြန်ဆုံး နံပါတ် (၁) နေရာယူထားသည်။

အာရှနိုင်ငံများစွာကို လက်ရှိမြန်မာသမ္မတကြီးနှင့်အဖွဲ့ သွားရောက်ခဲ့သလို အင်္ဂလိပ်ဝန်ကြီးချုပ်အပါအ၀င်၊ အမေရိကား၊ ဂျပန်၊ ကိုးရီးယား နိုင်ငံဝန်ကြီးများစွာ မြန်မာပြည်ကိုအလည်လာရောက်ကြသည်။ အားရစရာကောင်းပါသည်။ ကိုးရီးယားကို သမ္မတဦးသိန်းစိန်အစိုးရ ဘယ် တော့သွားမယ် မသိပါ။ ကိုးရီးယားလူမျိုး ကုလသမဂ္ဂအကြီးအကဲ ဘန်ကီမွန်းကတော့ ဧပြီ ၂၀၁၂ မှာ မြန်မာပြည် တတိယအကြိမ် လာ ရောက်သွားပါသည်။ သူ့သက်တမ်းအတွင်း မြန်မာပြုပြင်ပြောင်းလဲမှုဖြစ်လာသောကြောင့် အရမ်းပျော်ရွှင်နေပုံတွေ့ရသည်။

• ထိုင်းနိုင်ငံ

မြန်မာတွေပြုပြင်ပြောင်းလဲရေးမှာ၊ မြန်မာ့နည်းမြန်မာ့ဟန်နဲ့သွားမှာ သေချာပါသည်။ သို့သော ဘေးပတ်ဝန်းကျင် အထူးသဖြင့် အာဆီယံ နိုင်ငံများနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာသေချာပြီး၊ အဓိက ထိုင်းနိုင်ငံနဲ့ အများဆုံး စီးပွားရေးပူးပေါင်းလုပ်ဆောင်မှာဖြစ်ပါသည်။ မြန်မာလူမျိုး ၄ သန်းခန့် ထိုင်းနိုင်ငံမှာ နိမ့်ကျစွာ လုပ်ကိုင်စားသောက် ပညာယူခဲ့ရပါသည်။ အေအိုင်ဒီအက်စ်ရောဂါလည်း ထိုင်းနိုင်ငံမှ မြန်မာပြည်သို့ ကူးစက်ခံရသည်။ ထိုင်းလူမျိုးများလည်း သူဌေးကြီးသက်ဆင် နိုင်ငံဝန်ကြီးချုပ်ဖြစ်သွားသောကြောင့် တိုင်းပြည်လူထု ချမ်းသာလာမလား မျှော်လင့်ရမှ၊ နိုင်ငံရေး ဗရုတ်သုက္ခများစွာ ခံလိုက်ရသည်။ နိုင်ငံတည်ဆောက်ဖို့ သူဌေးများမလုပ်သင့်ကြောင်း၊ မပါသင့်ကြောင်း၊ Nationalists ဆိုတဲ့ တတ်သိပညာရှင်ဖြစ်ပြီး၊ ငွေကိုမတက်မက်တဲ့မြန်မာများ ညီညွတ်စွာလုပ်ကိုင်လျှင် မကြာခင်အချိန်တွင်း ဗီယက်နမ်းကိုမှီပြီး၊ ထိုင်းနိုင်ငံနဲ့ ရင်ဘောင်တန်းမဲ့အခြေနေမျိုး ပြန်ရောက်မှာမလွဲပါ။


• ချက်သမ္မတဟောင်း ဗားဆလပ်ဗ် ဟာဗဲလ်

၁၉၉၀ နောက်ပိုင်း၊ ရုရှားကွန်မြူနစ်အင်ပါယာပြိုကွဲပြီး၊ အရှေ့ဥရောပနိုင်ငံများ ပြုပြင်ပြောင်းလဲမှုနည်းမျိုးစုံးဖြင့် လုပ်ကိုင်ကြရာတွင်၊ အ အောင်မြင်ဆုံးနိုင်ငံမှာ ချက်ကိုစလိုဗီးယားဖြစ်သည်။ ပြုပြင်ပြောင်းလဲရေး ၁၆ နှစ်အကြာ ၂၀၀၆ တွင် ချက်နှင့်စလိုဗက်၊ နှစ်နိုင်ငံကို ဖွံ့ဖြိုး ပြီးနိုင်ငံအဖြစ် ကမ္ဘာ့ဘဏ်က ကြေငြာခဲ့ရသည်။ ဦးဆောင်သူကဏ္ဍမှာ အလွန်အရေးကြီးပါတယ်။ ခေါင်းဆောင်ကောင်းများ၊ နောက်လိုက်နိုင်ငံသားကောင်းများကြောင့် ထိုနှစ်နိုင်ငံသည် အနောက်ဥရောပအဆင့် ဓနဥစ္စာကြွယ်ဝခြင်းကို အနှစ်၂၀ အတွင်း ရောက်ရှိသွားပါသည်။ Peaceful “Velvet Revolution” ကတ္တီပါတော်လှန်ရေးဟုခေါ်သော ငြိမ်းချမ်းစွာပြုပြင်ပြောင်းလဲမှုကြောင့်ဖြစ်သည်။ Václav Havel ခေါင်း ဆောင်ပြီး၊ ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်ကြသည်။ စစ်မှန်တဲ့၊ တတ်ကြွပြီး နှလုံးသားကြီးမားလှတဲ့ မျိုးချစ်ပုဂ္ဂိုလ်၊ ခွင့်လွှတ်တတ်တဲ့ စိတ်ထားမှန်ရှိသူ ဟာဗဲလ်သည် ဘယ်တော့မှအာဏာစွဲကိုင်မထားပါ။ ဒိမိုကရေစီနည်းအတိုင်း အာဏာလွှဲပေးခဲ့ပါသည်။ ဗားကလပ် ဟာ ဗဲလ်ကို ချက်ပြည်သူများနှင့် ကမ္ဘာ့ခေါင်းဆောင်များက လေးစားဂုဏ်ပြုခဲ့ကြသည်။ အသက် ၇၅ နှစ်အရွယ်၊ ၂၀၁၁ ဒီဇင်ဘာလ ၁၈ ရက် တနင်္ဂနွေနေ့ ကွယ်လွန်ခဲ့သည်။


• မြန်မာနိုင်ငံနဲ့ အဆုံးသတ်ပြန်ရေးရရင် …

ကျွန်တော်တို့ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ကိုင်သူများကို ချီးကြူးမိသည်။ ဒါလောက်တိုတောင်းတဲ့အချိန်အတွင်း တိုင်းပြည်အတွက် မျက်ရည်များ၊ ခံစားစရာဖြစ်ရတဲ့ ခံစားချက်နဲ့ အတိတ်ကိုသင်ပုန်းချေပြီး၊ ၀ိသမစစ်အာဏာရှင်အချို့ကို ဘေးထုတ်ပစ်နိုင်ခြင်းမှာ အံ့ဘွယ်ဖြစ် ပါသည်။ နောက်ပြန်မလှည့်စတမ်းဆိုသော်လည်း စိုးရိမ်စရာများစွာ ရှိနေပါသေးသည်။ မြန်မာကျပ်ငွေကို ငွေရှင်လဲလှယ်ပေးမှုစတင်ခဲ့ပြီး၊ မကြာမီ ဂျပန်အကူဖြင့် စတော့ဈေးကွက် စတင်မည်ဆိုပါသည်။ ကျွန်ုပ်အနေနှင့် ပထမဆုံး စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံ လေဆိပ်များမှာ ကျပ်ငွေတရားဝင်လဲနိုင်ခွင့်မြင်လိုပါသည်။ ဗီယက်နမ်ပြုပြင်ပြောင်းလဲ ၁၀ နှစ်ကျော်နေသော်လည်း ဗီယက်နမ်ငွေကြေးကို အရှေ့တောင် အာရှ၊ လေဆိပ်တွေမှာလဲလှယ်ဖို့ ခက်နေဆဲပါ။

ကမ္ဘာ့လာဘ်အစားဆုံး ဘိတ်ဆုံးဆယ်နိုင်ငံအထဲ ပါသွားနေခြင်းကို မြန်မာလက်ရှိအစိုးရ၀န်ကြီးကိုယ်တိုင်က လက်ခံပြောဆိုလာခြင်း၊ တရားဥပဒေစိုးမိုးမှုအတွက် တရားသူကြီး ၈၀ ရာနှုန်းတိုင်စာများ မှန်ကန်ကြောင်း လွှတ်တော်မှာကြေငြာခြင်း စသည့်အချက်များသည် ထူး ကဲသော ပြုပြင်ပြောင်းလဲခြင်းများဖြစ်သည်။ မြန်မာနိုင်ငံရဲ့ အလွန်ထူးခြားချက်တခုမှာ ဗားကလပ်ဟာဗဲလ်ကဲ့သို့ ဖြောင့်မတ်တည်ကြည် တယ်သည်ဟု ကမ္ဘာက သတ်မှတ်ထားသော ဒေါ်အောင်ဆန်းစုကြည်ရှိနေပါသည်။ မြန်မာပြည်သူသာမက ကမ္ဘာသားများ လေးစားချစ်ခင်မှု မီးရှုးတိုင်တခုပါ။ မှောင်မိုက်တဲ့မြန်မာပြည်ကို အလင်းရောင်ခြည်ရရှိစေလိုပါသည်။ သမ္မတဦးသိန်းစိန်ရဲ့အစိုးရက အကောင်အထည်ဖော် နေခြင်းကို အတိုက်အခံ NLD, တိုင်းရင်းသားပါတီအင်အားစုများ ပူပေါင်းဆောင်ရွက်ခြင်းဖြင့်၊ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းထာဝရငြိမ်းချမ်း ရေးများကို ပိုမိုလုပ်နိုင်မည်ဖြစ်သည်။
မြေပေါ်မြေအောက် သယံဇာတအနေနဲ့တော့ မြန်မာနိုင်ငံတိုးတက်ဖို့ မလွယ်ပါဘူး။ လူသားအရင်းအမြစ်၊ မြန်မာပြည်သားစိတ်ဓာတ် Attitude အနေနဲ့ပဲ ကမ္ဘာ့အဆင့်ရောက်ဖို့ မျှော်လင့်ပါသည်။
အားလုံးရွှင်လန်းချမ်းမြေ့ပါစေ။

LWIN PWIN
NLABR
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com 

0 comments:

Post a Comment