နိုင်ငံတကာသတင်း
Oscar ထူးချွန်ဆုစာရင်းဝင် ရုပ်ရှင်ဇာတ်ကားများ
အော်စကာ ရုပ်ရှင်ထူးချွန်ဆုအတွက် လျာထားခံရတဲ့ ရုပ်ရှင်ဇာတ်ကားတွေစာရင်း ထွက်လာပါပြီ။
မာတင် စကော့ဆေးဆီး (Martin Scorsese) ရိုက်ကူးတဲ့ Hugo လို့ခေါ်တဲ့ 3D သုံးဘက်မြင် ကာတွန်း ရုပ်ရှင်ကားဟာ အကောင်းဆုံး ဇာတ်ကားဆုအပါအ၀င် ဒီနှစ်အတွက် အော်စကာ ၁၁ ဆု လျာထားခံရကြောင်း ဒါဟာ အော်စကာ လျာထားခံရမှု အများဆုံး စာရင်းမှာရှိတဲ့ The Artist အသံတိတ် ရုပ်ရှင်ကား ထက်ကို ကျော်သွားတာဖြစ်ပါတယ်။ အော်စကာလျာထားခံရတဲ့ စာရင်းတွေကို ကယ်လီဖိုး နီးယားပြည်နယ် Beverly Hills မှာ Academy of Motion Picture Arts and Sciences က မနေ့က ကြေညာခဲ့တာဖြစ်ကြောင်း ပြင်သစ်ဒါရိုက်တာ ရိုက်ကူးတဲ့ ဟောလိဝုဒ် အသံတိတ် ရုပ်ရှင်ကား The Artist ကတော့ အကောင်းဆုံး ဇာတ်ကားဆု အပါအ၀င် အော်စကာ ၁၀ ဆု လျာထားခံရပါတယ်။ The Artist ဇာတ်ကားဟာ ဒီလ Golden Globes ပွဲမှာ အကောင်းဆုံး ဟာသဇာတ်ကားဆု ရခဲ့ပြီးတဲ့နောက် အကောင်းဆုံး ဇာတ်ကားတစ်ကားအနေနဲ့ လူကြိုက်အများဆုံး ဇာတ်ကားတွေထဲမှာ ပါဝင်လာ ခဲ့ကြောင်း အကောင်းဆုံး ဇာတ်ကားဆုအတွက် လျာထားခံရတဲ့ကားတွေထဲမှာ Baseball ကစားတဲ့ အကြောင်းကို ရိုက်ထားတဲ့ Moneyball ရုပ်ရှင်ကားနဲ့ ဒါရိုက်တာ Steven Spielberg ရဲ့ ပထမကမ္ဘာစစ်တွင်းက မြင်းတွေအကြောင်းကို ရိုက်ထားတဲ့ War Horse ဇာတ်ကားတွေပဲ ဖြစ်ကြောင်း သိရသည်။Moneyball နဲ့ War Horse ကားတွေဟာ အကောင်းဆုံး ဇာတ်လမ်းဆုအပါအ၀င် အော်စကာ ၆ ခုစီ လျာထားခံရတဲ့ ဇာတ်ကားတွေပဲဖြစ်ကြောင်း သိရသည်။
အိုဘားမားနိုင်ငံတော်အခြေပြမိန့်ခွန်းပြောမည်
သမ္မတအိုဘားမားက သူ့ရဲ့စီးပွားရေးရည်မှန်းချက်နဲ့ ပတ်သက်ပြီး နှစ်ပတ်လည် နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ ပြောဆိုဖို့ ရှိကြောင်း သိရသည်။အီရန်အပေါ် အီးယူ ဒဏ်ခတ်မှု တိုးမြှင့်
အီရန်နိုင်ငံက အငြင်းပွားစရာဖြစ်နေတဲ့ နျူကလီးယားအစီအစဉ်ကို ရပ်ဆိုင်းစေဖို့ ဥရောပသမဂ္ဂက အီရန်အပေါ် ဒဏ်ခတ်အရေးယူမှုတွေကို တိုးမြှင့်လိုက်ကြောင်း သိရသည်။
ရုရှားနိုင်ငံက နျူကလီးယား ရေငုပ်သင်္ဘော အိန္ဒိယကိုလွှဲပေး
ရုရှားနိုင်ငံက နျူကလီးယား ရေငုပ်သင်္ဘောတစ်စင်းကို အိန္ဒိယနိုင်ငံကို လွှဲပြောင်းပေးတဲ့ အခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့ကြောင်း သိရသည်။
အာရပ်အဖွဲ့ချုပ် တောင်းဆိုချက် ဆီးရီးယားပယ်ချ
ဆီးရီးယား ဒုသမ္မတကို အာဏာလွှဲပြောင်းပေးဖို့ အာရပ်နိုင်ငံများ အဖွဲ့ချုပ်ရဲ့ တောင်းဆိုချက်ကို ဆီးရီးယားအစိုးရက ပယ်ချလိုက်ကြောင်း သိရသည်။
တရုတ် နှစ်သစ်ကူး ဆင်နွှဲ
ဒီကနေ့ဟာ တရုတ်နှစ်သစ်ကူးနေ့ပါ။ အာရှနဲ့ ကမ္ဘာတလွှားမှာ မီးရှူးမီးပန်းတွေ ဖောက်ပြီး တရုတ် နှစ်သစ်ကူးပွဲတော်တွေကို ဆင်နွှဲနေကြကြောင်း သိရသည်။
ဆီးရီးယား အကဲခတ်အဖွဲ့က ဆော်ဒီကိုယ်စားလှယ်တွေ ပြန်ရုပ်မည်
ဆီးရီယားနိုင်ငံကို စေလွှတ်ခဲ့တဲ့ လေ့လာအကဲခတ်ရေး အဖွဲ့ဝင်တွေကို ပြန်ခေါ်ယူတော့မယ်လို့ ဆော်ဒီအာရေးဘီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောကြောင်း သိရသည်။
Web-site: www.nlabr.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment